Cha-50

7.6K 1.3K 109
                                    

[Unicode]

ခုချိန်က ည ၁၁နာရီတောင်ထိုးနေလေပြီ။ ယွီချင့်ဟွမ်ကတော့ သေချာပေါက်ကို ဟော်ချွီအားတယောက်တည်းအိမ်ပြန်ခွင့်ပြုမှာမဟုတ်ပေ။ ဟော်ချွီအား သူ့ညအိပ်ဝတ်စုံနှင့်အတွင်းခံအသစ် ထုတ်လဲဝတ်ခိုင်းလိုက်ပြီးမေးလိုက်၏။

"ဘယ်ဘက်ခြမ်းမှာအိပ်ချင်လဲ?"

ဒါဟာ ဟော်ချွီမှပထမဆုံးအကြိမ် ယွီချင့်ဟွမ်အဝတ်အစားတွေကိုယူဝတ်ဖူးခြင်းပင်။ ခြေဖျားလက်ဖျားများမှာအနည်းငယ်တိုနေပြီး အတွင်းခံဘောင်းဘီမှာသက်တောင့်သက်သာသိပ်မရှိသလိုဖြစ်နေပေမယ့် သူ့နှလုံးသားထဲမှာတော့အလွန်တရာချိုမြိန်နေဆဲဖြစ်၏။

ယွီချင့်ဟွမ်သည်လည်း ဒီညအိပ်ဝတ်စုံကိုဝတ်ဆင်ဖူးတယ်လို့တွေးမိလိုက်ရုံနှင့်တပြိုင်နက် ဟော်ချွီခန္ဓာကိုယ်မှာ ထိန်းချုပ်မရလောက်အောင် ပူပြင်းတောက်လောင်လာသလိုခံစားနေရ၏။

ယွီချင့်ဟွမ်မှ သူ့ခေါင်းအုံးကိုသပ်သပ်ရပ်ရပ်ပုံစံတကျဖြစ်အောင်လုပ်နေချိန်တိုတောင်းလှသောအချိန်လေးအတွင်းမှာ သူဟာမျက်နှာတွေနီမြန်းနေရက်သားက အင်္ကျီလက်ဖျားတွေကိုအမြန်ခေါက်တင်လိုက်ပြီး ဟမ်းစတားပေါက်လေးတစ်ကောင်ကဲ့သို့ တရှုံ့ရှုံ့အနံ့ခံလိုက်ကာ စိတ်ကျေနပ်နှစ်သိမ့်စွာဖြင့် မျက်လုံးများကိုမှေးစင်းထားလိုက်တော့သည်။

ဘယ်လိုဖြစ်လို့ ချင့်ဟွမ်ရဲ့အကျီလေးတွေကတောင်မှ ဒီလောက်ရနံ့လေးသင်းနေရတာပါလိမ့်?

"ဟော်ချွီ? မင်းဘာတွေတွေးနေတာလဲ?"

ဘာစကားမှပြန်မပြောပဲ မီးနဲ့အကင်ခံထားရသလိုမျိုးနီမြန်းမြန်းမျက်နှာဖြင့် နေရာမှာတင်ငုတ်တုတ်မေ့နေသည့် သူ့အားမြင်လေသော် ယွီချင့်ဟွမ်မှာမနေနိုင်တော့ပဲ သူ့နဖူးပြင်ကိုခတ်ဆက်ဆက်လေးရိုက်ချလိုက်၏။

"တစ်ခုခုပြောရင်ပြော မဟုတ်ရင်ဆိုဖာပေါ်မှာပဲအိပ်ရမယ်"

ထိုခြိမ်းခြောက်မှုမှာ ဟော်ချွီအပေါ် အမှန်တကယ်အလုပ်ဖြစ်သွားခဲ့၏။ ယွီချင့်ဟွမ်စကားဆုံးရုံရှိသေးချိန်မှာ သူဟာကုတင်ပေါ်သို့လွှားခနဲခုန်တက်သွားပြီဖြစ်ကာ စောင်ထဲသို့လှစ်ခနဲဝင်ရောက်သွားပြီး တောက်ပတဲ့မျက်ဝန်းတစ်စုံကိုသာချန်လှပ်ထား၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now