Cha-83

1.7K 442 21
                                    


[Unicode]

Weibo ပေါ်က ယွီချင့်ဟွမ်ရဲ့ပုံရိပ်မှာ အမြဲလို အလွန်လေးနက်တည်ကြည်မှုရှိပြီး လေးစားအားထားဖွယ်ဖြစ်ရာ အတော်လေးပျင်းတိပျင်းခြောက်ဖြစ်စရာကောင်းသည်ဆိုရမည်အထိ။ 

မည်သို့ဆိုစေကာမူ weibo ပေါ်မှာ လပေါင်းများစွာဘာပို့စ်မှမတင်၊ တင်ပေးတဲ့အပ်ဒိတ်အသစ်ဟူသမျှကလည်း တစ်စုံတရာကို ပြန်လည်မျှဝေခြင်းသာဖြစ်တဲ့ အနုပညာရှင်ရယ်လို့ တကယ်ကိုအနည်းအကျဉ်းမျှသာရှိလိမ့်မည်။ အထူးသဖြင့် ထိုသူက အသက်၂၀စွန်းစွန်းအရွယ်သာ ရှိသေးချိန်ဖြစ်၏။

ယွီချင့်ဟွမ် ကွန်ဒုံးတစ်ဘူးအနိုင်ရလိုက်သည့်သတင်း ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ဖရဲသီးစားလူတစ်စုမှာ ချက်ချင်းပဲ အုတ်အုတ်ကြွက်ကြွက်ဖြစ်သွားကြ၏။

[ဟားဟားဟားဟား အံ့သြ‌လောက်စရာပဲ! သူတို့က သူ့ကို ကံထူးရှင်မစ်စတာယွီလို့ခေါ်တယ်]

[ဟားဟားဟားဟား ငါဒီဟာသကို တစ်နှစ်ပတ်လုံးရယ်နိုင်တယ်! ရုတ်တရက် koi လေးကို နည်းနည်းသနားသွားသလိုခံစားရတယ်၊ တစ်ခါတလေကျတော့လည်း ကံအမြဲကောင်းလွန်းပြန်တာက ကောင်းမွန်တဲ့အရာမဟုတ်ဘူးပဲ]

[ပြဿနာက စင်ဂယ်ခွေးလေးတစ်ယောက်က ဒီလောက်ကွန်ဒုံးတွေအများကြီး ဘာအတွက်လိုမှာလဲ? ဒါတကယ့်ကိုထိုးနှက်ချက်အပြင်းစားပဲ]

[ဟားဟားဟား အဖြစ်မှန်ကိုမင်းမြင်ရတာပဲ]

[ငါပိုသိချင်တာက Koi လေးက ဘယ်လိုဖြစ်ပြီး ဒီလိုလက်ချော်သွားရတာလဲဆိုတာ! သူ့အိမ်မှာ ကြောင်တွေခွေးတွေမွေးထားတာများဖြစ်မလား?]

...

အဆိုပါအဖြစ်အပျက်က အွန်လိုင်းသုံးစွဲသူတွေရဲ့ ဆိုးသွမ်းတဲ့စနောက်ကျီစယ်လိုသည့် စိတ်ခံစားချက်တွေကို အောင်အောင်မြင်မြင်နှိုးဆွပေးလိုက်နိုင်၏။ လူတိုင်းက ထိုကိစ္စအားရယ်သွမ်းသွေးနေကြပြီး တချိန်တည်းမှာ ထိုအကြောင်းအရာအား Weibo Hot Search ထိပ်ဆုံးရောက်အောင် အောင်မြင်စွာတွန်းပို့နိုင်ခဲ့သည်။

ဆုမဲနှိုက်မည့်အချိန်နှင့် ဆုကို တရားဝင် weiboအကောင့်မှာ ဟိုးအစကတည်းက ကြိုတင်စီစဉ်ထားပြီးဖြစ်ကာ အနိုင်ရသူကိုလည်း စနစ်မှအလိုအလျောက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

You've reached the end of published parts.

⏰ Last updated: Apr 07 ⏰

Add this story to your Library to get notified about new parts!

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now