Cha-20

8.6K 1.6K 27
                                    

[Unicode]

ယွီချင့်ဟွမ်မှာ ဇာတ်ကားရိုက်ကူးနေစဉ် ဘယ်သောအခါမှ ဖုန်းကိုယူဆောင်သွားလေ့မရှိပေ။ သူသည်  ဒီလောကထဲတွင် စီးပွားရေးနှင့်ဆက်နွယ်သောအဆက်အသွယ်များစွာမရှိသေးသည့် မျက်နှာသစ်တယောက် သာသာပင်။

ထို့အပြင် အတိတ်ဘဝတုန်းက မရေတွက်နိုင်လောက်သည့် ​အွန်လိုင်းတိုက်ခိုက်မှုပေါင်းများစွာကို တွေ့ကြုံ မြင်ဖူးခဲ့သည်ဖြစ်သောကြောင့် ဖုန်းသုံးခြင်းအလေ့အထကို အချိန်ကြာလာတာနှင့်အမျှ အဆက်သွယ် ဖြတ်တောက်လာခဲ့သည်။ သို့သော်လည်း တကယ့်ဖြစ်​ရပ်မှန်မှာ သူ့တွင် ဆက်သွယ်မည့်မိသားစုနှင့် တစုံတယောက်ရယ်လို့ ရှိမနေခဲ့ခြင်းပင်။

ထို့ကြောင့် ဟိုတယ်သို့ပြန်မရောက်ခင်အချိန်ထိတိုင် ဟော်ချွီဆီကစာကို မတွေ့သေးပေ။ ၎င်းမှာ ဟော်ချွီ၏ ပထမဆုံးအကြိမ်စာပို့ခြင်း ဖြစ်ကောင်းဖြစ်နေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ပထမစာတွေမှာ
မချောမွေ့နေပဲ အမှားမှားအယွင်းယွင်းဖြင့် ရှုပ်ရှပ်ခတ်လို့နေ၏။နောက်ပိုင်းမှ တခြားသူတွေဆီ မေးမြန်းပြီးလုပ်လိုက်ပုံရသည် ဆိုလိုရင်းအဓိပ္ပါယ်ဖော်လို့ရလာသည်။

ယွီချင့်ဟွမ်မှာ ဟော်ချွီသည် မျှော်မှန်းထားသည့် အချိန်ထပ်စောပြီး ထွက်ခွာသွားရလိမ့်မည်လို့ မထင်ခဲ့မိပေ။သူက နောင်တအပြည့်ဖြင့် သက်ပြင်းချလိုက်ကာ အတန်ငယ် စိတ်ပျက်လက်ပျက်လဲ ဖြစ်သွားမိသည်။
သူက စည်သွတ်ဘူးကို နောက်တနေ့မှာပဲ ဟော်ချွီထံသွားပေးဖို့ ကြံရွယ်ထားခဲ့သည်။ သို့သော်လည်း အဆင်သင့်ဖြစ်နေချိန်မှာ ဟော်ချွီက နိုင်ငံခြားရောက်​နေပြီ။

ယွီချင့်ဟွမ်မှာ ဟော်ချွီကို စာပြန်ရန်အတွက် အရိုးရှင်းအလွယ်ကူဆုံး စကားလုံးတွေသာ အသုံးပြုဖို့ အတက်နိုင်ဆုံး ကြိုးပမ်းခဲ့လေသည်။ သူ့အား အစားကောင်းကောင်းစားဖို့ အပြင်ထွက်ရင် အဖော်တွေ နောက်ကို နီးနီးကပ်ကပ်လိုက်ဖို့ တယောက်တည်းမနေဖို့ စသဖြင့် တိုက်တွန်းပြောကြားနေသည်။
နောက်ဆုံးတွင် စာလုံးအရေအတွက် ကန့်သတ်ထားသည်ထက် ကျော်လွန်သွားပြီဖြစ်သောကြောင့် စာတိုနှစ်ခုကွဲ ရောက်ရှိသွားတော့သည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now