Cha-6

9K 2K 30
                                    

[Unicode]

ယွီရှင်း၏မျက်နှာမှာ ရင်ဖိုစိတ်လှုပ်ရှားမှုဖြင့် သွေးရောင်လွှမ်းနေပြီး လည်ပင်းရှိသွေးကြောမှာလည်း သိသာထင်ရှားစွာခုန်နေ၏။

သူ၏တုန်ယင်နေသောလက်များဖြင့် ယွီချင့်ဟွမ်အားဆုပ်ကိုင်ထားပြီး အဆက်မပြတ်ကိုပြော​နေသည်မှာ

“ငါတို့ပေါက်ပြီ ပေါက်ပြီ ပေါက်ပြီကွ..!”

“ဘယ်လောက်လဲ...”

ယွီချင့်ဟွမ်မှာ အတန်ငယ်မူးဝေနေသလို ခံစားနေရသည်။

အသက်ပြင်းပြင်းအကြိမ်တချို့ရှုသွင်းလိုက်ပြီးလျှင် ယွီရှင်းမှယွီချင့်ဟွမ်အား လက်မတချက်ထောင်ပြလိုက်ပြီး ကျန်တဖက်မှာတော့ သူ့ရင်ဘတ်အားသူပြန်ဖိထားကာ

“ပထမဆု....!”

“တကယ်ကြီး...?”

ယွီချင့်ဟွမ်မျက်လုံးများမှာ ပြူးကျယ်သွားရပြီး ယွီရှင်းလက်ထဲမှ ဖုန်းအားလုယူလိုက်ကာ ထီလက်မှတ်နှင့်ထီပေါက်ဂဏန်းများအား တခုချင်းစီတိုက်ဆိုင်စိစစ်ကြည့်​တော့သည်။

ပထမဆုံးအလုံးကစ နောက်ဆုံးအလုံးထိတိုင်အောင် ကွက်တိဆင်တူလေတယ်!

ထီလက်မှတ်တစောင်မှာ ယွမ်ခြောက်သန်းကျော်ရှိပြီး ယွီချင့်ဟွမ်ဝယ်ယူခဲ့သည်မှာ နံပတ်စဉ်တူ ၁၀စောင်ဖြစ်၏!

“ငါ့ကို လာနောက်နေတာဖြစ်မယ်..”

သူကမယုံသင်္ကာဖြင့် ရေရွတ်လိုက်မိပြီး ဆိုဖာပေါ် ပစ်လှဲချလိုက်တော့၏။

သူ့လက်ထဲက ပါးပါးလျလျစက္ကူစာရွက် အပိုင်းအစလေးနှစ်ရွက်ကိုစိုက်ကြည့်လို့ စကားတလုံးတောင် မဆိုနိုင်တော့ချေ။

ဒါကြီးကရယ်စရာကောင်းလိုက်တာ!

သူ့အရင်ဘဝတုန်းကဆိုရင် ယွီချင့်ဟွမ်မှာ  Weibo အကောင့်တခုကို Lucky Draw တွေမှာ ကံစမ်းရန်အတွက်အမည်ဝှက်ဖြင့်ဖွင့်ထားခဲ့ဖူး၏။

ဒါပေမယ့် သူ့ရဲ့မယုံနိုင်လောက်အောင် ဆိုးရွားလွန်းတဲ့ကံကြောင့် တခါလေးတောင်မှမပေါက်ခဲ့ဘူးချေ။

အောင်မြင်ရန် ရာနှုန်း ၉၉ ရာခိုင်နှုန်းအထိရှိသည်ဟုအခိုင်အမာဆိုထားလျှင်တောင်မှပေါ့!

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now