Cha-15

8.6K 1.7K 106
                                    

[Unicode]

ဟော်ယုံမှ ဟော်ချွီအား ရိုက်ကွင်း​နေရာသို့ ခေါ်ဆောင်လာခဲ့စဉ်မှာတော့ ယွီချင့်ဟွမ်မှာ နောက်ဆုံးဓါတ်ပုံများကို ရိုက်ကူးပြီးစီးခဲ့​လေပြီ။

ဒီအကြိမ်မှာတော့ လျိုကျားအန့်မှာ ပုံများနှင့်ပတ်သက်လို့ အတော်လေးနှစ်​ထောင်းအားရလို့နေပြီး အစဉ်အလာတွေ​ဖောက်ဖျက်လို့ချီးကျူး​ထောပနာပြုလို့နေသည်။

သူ့လက်ထောက်အား ထိုပုံများကို Weibo မှာ ပြီးတာနဲ့ချက်ချင်းတင်ရန် ညွှန်ကြားလိုက်​သေးသည်။

သနားစရာယွီချင့်ဟွမ်!

ရာသီဥတုမှာအင်မတန်အေးစိမ့်နေကာ ယခုနေရာတွင် အပူပေးစက်မရှိပေ။ထို့ပြင် သူ့အနေနဲ့ ပြီးပြည့်စုံသောအနေအထားကို ထိန်းသိမ်းရဦးမည်။

ချမ်းလွန်းလို့ရေခဲတော့မတက်ဖြစ်နေတာတောင် သူ့အနေနဲ့ပိုစ့်များဆက်လက်ပေးနေရဦးမှာပင်။

ရှုတင်ပြီးဆုံးသွားသည့်အခါမှာ သူဟာချက်ချင်းပဲ သူ့ကိုယ်သူ့ဝမ်ကျန်းရှန်မှ ပေးအပ်လာသည့်သားမွှေးအနွေးထည်ဖြင့် ခြုံလွှမ်းလိုက်၏။

ကျောက်ချင်းယွမ်မှကမ်းပေးလာသော ရေနွေးယူရန်တောင် သူ့လက်ကိုသူပြန်ဆွဲထုတ်လိုစိတ်မရှိပေ။

ရိုက်ကွင်းနေရာမှာအလွန်တရာဆူညံနေပြီး ဇာတ်ကားဝတ်စုံအမျိုးမျိုးဝတ်ဆင်ထား​သော သရုပ်ဆောင်ပေါင်းစုံတို့ဖြင့် ပျားပန်းခတ်လို့နေသည်။

သို့သော် ဟော်ချွီမှာထောင့်နားလေးတွင် ပုန်းကွယ်နေသည့်ယွီချင့်ဟွမ်ကို တခါတည်းမျက်မြင်တန်းတွေ့လေ၏။

သူဟာ ဝမ်းသာအားရသူ့အားလှမ်းခေါ်လိုက်ရင်း ငါးများကိုသယ်ဆောင်ကာ ယွီချင့်ဟွမ်ထံသို့ လျှောက်သွားလိုက်သည်။

“ချင့်ဟွမ်!”

“မင်းဒီမှာဘာလုပ်နေတာလဲ?”

ယွီချင့်ဟွမ်ကအံအားတသင့်မေးလာပြီး မတ်တပ်ရပ်ကာ သူ့အားကြိုဆိုလိုက်သည်။

ဟော်ချွီမှာ ယွီချင့်ဟွမ်နံဘေးတွင်ထိုင်နေသည့် ကျောက်ချင်းယွမ်ကိုသတိအနေအထားဖြင့် တချက်ရှိုးလိုက်ရင်း ယွီချင့်ဟွမ်အားဘေးသို့ဆွဲခေါ်သွားကာ သူ့ငါးကန်ကိုရတနာတခုအားပြသသည့်အလား သူ့ရှေ့သို့ထိုးပေးလိုက်၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now