Cha-28

8K 1.5K 73
                                    

[Unicode]

​ဟော်ချွီဘဝ​မှာ ယခု​နေရာ​​​လေးတွင် အ​​တော်​​လေး
ပုံမှန်​တကျလည်ပတ်​နေ၏။

နေ့ဘက်ဆိုရင်​တော့ ယွီချင့်ဟွမ်နှင့်အတူရိုက်ကွင်းလိုက်သွား.. သူ့လက်​ထောက်အဖြစ်အမှုထမ်းကာ
ညဘက်မှာဆိုရင်​​တော့ ၉နာရီထိုးတာနဲ့ နာနာခံခံအိပ်​ရာဝင်လေသည်။

ရိုက်ကူး​ရေးအဖွဲ့သားအားလုံးဟာလဲ သူဘယ်သူဆိုတာကို သိ​နေကြသည့်အပြင် ယွီချင်ဟွမ်အ​ပေါ်ကလွဲ ကျန်သူအားလုံးအ​ပေါ် ဘာမထီမျက်နှာ​သေကြီးနဲ့သာရှိ​နေတတ်လို့ လူအနည်းစုလောက်ကသာ သူ့အား​ပြောပြော​ဆိုဆိုရှိလေသည်။

ထို့​ကြောင့်သာပဲ သူဟာဒီ​နေရာမှာအလွန်သက်​တောင့်သက်သာရှိဇိမ်ကျနေတယ်​ပြောလို့ရ၏။

​ဟော်ယုံမှသူ့ထံလာ​ရောက်လည်ပတ်သည့်အခါ အလွန်တရာရိုးရှင်းစစ်မှန်​နေတဲ့သူသည် သူ့ညီ​လေးမှဟုတ်ပါရဲ့လား မှတ်​တောင်မမှတ်မိချင်သလိုဖြစ်သွားရသည်။

ထိုအချိန်မှာ ဟော်ချွီသည်လျိုကျားအန့်ဘေးတွင်ရပ်​နေပြီးရိုက်ကူး​ရေးအတွက်အ​ကောင်းဆုံး​​ရှုထောင့်တခုရရှိ​စေရန်ကူညီတွက်ချက်​ပေး​နေ၏။

တိကျမှန်ကန်တဲ့နံပတ်စဥ်အတွဲလိုက် သူ့နှုတ်ဖျားကထွက်လာ​သောအခါ လျိုကျားအန့်မျက်နှာသည် စိတ်အားထက်သန်တက်ကြွမှုတို့ဖြင့် နီမြန်း​သွားရရင်း အသက်၆၀​ကျော်လူအိုကြီးမှာ ကင်မရာတစ်လုံးကိုင်ပြီး ​ဟော်ချွီ​ပြောတဲ့ရှု​ထောင့်​တွေအတိုင်း ဟို​ဟိုဒီဒီပြေးလွှားနေ​၏။

​ဟော်ချွီအတွက်​ကတော့ သူ့ကိုယ်ပိုင်ပရော်ဖက်ရှင်နယ်ပယ်ထဲ​ရောက်သွားတာနှင့် ချစ်စရာ​​ကောင်​ကလေးအဖြစ်က​နေ အလွန်​စေ့စပ်​​သေချာသည့်ကျွမ်းကျင်ပညာရှင်အဖြစ်သို့ တမုဟုတ်ချင်း​​ပြောင်းလဲသွား​​ပေသည်။

အခြားလူ​တွေဖင်ကုန်း​အောင်အလုပ်ရှုပ်​နေစဥ် သူတ​ယောက်တည်းသာ နေရာတင်မြဲမြံစွာ​ရပ်​နေပြီး ဝှက်ဖဲတခုလက်ဝယ်ပိုင်ဆိုင်ထားတဲ့စစ်သူကြီးတ​ယောက်အလား ရိုးရှင်းတဲ့အမိန့်​လေးတခု​​လောက်နဲ့ စစ်တပ်ကြီးတခုလုံးမှာ သူ့လက်ခုပ်ထဲ​က​​ရေဖြစ်နေသလိုပင်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now