Cha-43

6.8K 1.3K 56
                                    

[Unicode]

ယွီချင့်ဟွမ်နှင့်တခြားသူတွေမှာလမ်းကြောင်းဦးတည်ရာပြောင်းလိုက်တာမို့ ချက်ချင်းပဲအတားအဆီးကင်းမဲ့သွားရသည်။

မကြာခင်မှာပဲ သူတို့ဟာ Chongshang wash ကိုရောက်ရှိသွားပြီး တံခါးဘောင်အားတောက်တဲ့တကောင်ကဲ့သို့မှီတွယ်နေသောကျောက်ချင်းယွမ်ကိုအကြည့်တချက်တည်းနဲ့တန်းသတိပြုမိသွားရ၏။

ယွီရှင်းမှာကားထဲကထွက်ဖို့လုပ်လိုက်ပေမယ့် ထိုမြင်ကွင်းအားမြင်တွေ့လိုက်ရသော် ချက်ချင်းပဲကားတံခါးကိုပြန်ပိတ်လိုက်ကာ ယွီချင့်ဟွမ်ထံပြောလာ၏။

"သူကမင်းသူငယ်ချင်းပဲ မင်းကိုယ်တိုင်သွားလိုက်တာပိုကောင်းလိမ့်မယ်"

ယွီချင့်ဟွမ်; "..."

ကျောက်ချင်းယွမ်ဘယ်လိုတွေတောင်လုပ်နေပါလိမ့်? ယွီရှင်းတောင်မှ အခုသူ့အားအတော်လေးစိတ်ကုန်နေဟန်ရှိ‌နေလေပြီ!

သူ့မျက်နှာဖုံးတပ်ပြီးတာနှင့် ယွီချင့်ဟွမ်မှာကား‌ပေါ်ကဆင်းလိုက်ပြီးကျောက်ချင်းယွမ်ဆီ တန်းသွားလိုက်သည်။ ပြီးရင်ထိုသူ့အားကားဆီချောချောမွေ့မွေ့ပြန်ခေါ်လာ၏။

"နောက်ဆုံးတော့မင်းရောက်လာပြီ ငါအေးခဲလုနီးပါးပဲ"

ကျောက်ချင်းယွမ်မှ သူ့လက်များကိုနှုတ်ခမ်းဝနားတေ့ထားပြီးအသက်ရှူငွေ့ဖြင့်နွေးထွေးလာအောင်လုပ်ယူနေသည်။ကားတံခါးကိုဖျတ်ခနဲဆွဲဖွင့်လိုက်လိုက်ချိန်မှာ ဝမ်ရွေရွေအားမြင်လိုက်ရသော် သူ့မျက်လုံးများမှာတောက်ပသွားရပြီး ခေါင်းငုံ့၍ကားထဲလှမ်းဝင်လိုက်၏။

"ငါတို့မင်းသမီးလေးလည်းဒီမှာကိုး"

"အန်ကယ်ချင်းယွမ်"

ဝမ်ရွေရွေမှ အသံချိုချိုလေးဖြင့်လှမ်းခေါ်လိုက်၏။ထို့နောက်တွင် သူမဘီစကွတ်မုန့်လေးကို ကျောက်ချင်းယွမ်နှုတ်ခမ်းဆီခွံ့ပေးလိုက်သည်။ကျောက်ချင်းယွမ်မှပါးစပ်ဟ၍ယူဝါးနေရင်းကပြောလာသည်။

"မင်းသမီးလေး ကိုကိုချင်းယွမ်လို့ခေါ်ပါလား ကြည့်လေ? ချင့်ဟွမ်ကိုလဲကိုကိုလို့ခေါ်တာပဲ"

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now