Cha-46.2

6.6K 1.3K 79
                                    

[Unicode]

Orange ပေါ်ပြူလာဖြစ်လာပြီးတဲ့နောက် လူအများမှာ သူတို့ရဲ့ Roadshow တွေအပေါ်အာရုံစူးစိုက်လာကြသည်။ ထို့ကြောင့် ယွီချင့်ဟွမ်ချောကလက်ပူပူလေးတခွက်စီဝယ်တိုက်ခဲ့တဲ့အကြောင်းကို သူ့ပရိသတ်များမှအင်တာနက်ပေါ်တွင်တင်လိုက်သည့်အခါ ချက်ချင်းပဲဂယက်တခုပေါက်ပွားလာစေ၏။

လူထုပရိသတ်အပေါင်းမှာ ထိုကဲ့သို့ပရိသတ်များအပေါ် ချစ်ခင်ကြင်နာပေးတဲ့အနုပညာကြယ်ပွင့်ကို တစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။

သူ့ရဲ့အနုပညာအသက်မွေးဝမ်းကြောင်းအလုပ်မှာ အခုမှစတင်တာဖြစ်ပြီး အနိမ့်ဆုံးလစာကိုရရှိနေဆဲဖြစ်ပေမယ့် သူ့ပရိသတ်တွေအပေါ်မှာတော့ သူ့စေတနာဟာ အများနှင့်မတူတမူထူးခြားနေခဲ့သည်။

[ချင့်ဟွမ်ကိုတွေ့ဖို့ လေဆိပ်ကိုမသွားခဲ့မိတာနောင်တရတယ် တစ်ချိန်တည်းမှာပဲ အဲ့ကိုမသွားခဲ့မိတဲ့အတွက် ချင့်ဟွမ်ကိုချောကလက်ပူပူလေးတစ်ခွက်စာအကုန်အကျသက်သာသွားစေတာအရမ်းဝမ်းသာမိပြန်တယ် ငါတို့ Koi လေးက တကယ့်ကိုနွေးထွေးလွန်းတယ်]

[ချင့်ဟွမ်က အသက် 20 ပဲရှိသေးပေမယ့် အရမ်းကိုစဉ်းစားတွေးခေါ်ပေးတတ်သူဖြစ်‌နေပြီ
အနာဂတ်ကာလက သူ့နံရိုးတချောင်းလေးကိုတော့ ငါတကယ်မနာလိုဖြစ်မိပြီ]

[ချင့်ဟွမ်က တကယ့်ကိုသနားကြင်နာတတ်တာပဲ ငါအရမ်းကိုထိရှသွားပြီးဘာပြောရမှန်းတောင်မသိတော့ဘူး သူ့ကိုဆက်ပြီးပံ့ပိုးပေးနေရုံသာတက်နိုင်တယ်]

[ငါတို့ Koi လေးကမိသားစုမရှိရှာဘူး ဒါပေမယ့်ကိစ္စမရှိဘူး ဒီနေ့ကစပြီး ငါတို့ကသူ့မိသားစုဝင်တွေပဲ!]

...

ဒါတင်မကသေး ကျောက်ချင်းယွမ် Orange Roadshow မှာ ပေါ်လာတယ်ဆိုတဲ့သတင်းဟာလည်း Weibo ပေါ်သို့ရောက်သွားခဲ့သည်။ ကျောက်ချင်းယွမ်၏ ပရိသတ်အမြောက်အများသည် ချက်ချင်းပဲရင်ထုမနာခြေ‌ဆောင့်ကုန်ကြပြီး ယမန်နေ့ကထိုနေရာသို့မသွားခဲ့မိလေခြင်းဟူ၍ ကြီးစွာနောင်တရနေ၏။

ကျောက်ချင်းယွမ်ဟာ သူ့ရဲ့ Weibo မှာ တစ်လလုံးနီးပါး ဘာမှမတင်တာကို လူတိုင်းသိထား၏။အရင်ကတစ်ရက်မှာ ပို့စ်ရှစ်ခုလောက်တင်တတ်တဲ့သူမှာ ယခုအခါမှာတော့ တစ်လကိုးသီတင်းလောက်ပျောက်ကွယ်နေသည်!

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now