Cha-26.2

8K 1.6K 109
                                    

[Unicode]

Ada ရဲ့ ဒီဇိုင်းဒါရိုက်တာ အဲဗန်ဆန်ဆိုသူမှာ ​ရွေ​အိုရောင်ဆံပင် မိုးပြာ​ရောင်မျက်လုံးများနဲ့ လူ​ချောတ​ယောက်ဖြစ်ကာအလွန်တရာပွင့်လင်း​ဖော်​ရွေ၏။

ယွီချင့်ဟွမ်ကိုမြင်လိုက်တာနဲ့တပြိုင်နက် သူကဖက်လှဲတကင်းနှုတ်ဆက်ရန်ကြိုးပမ်းလိုက်သည်။

သို့​​ရာတွင်ချင့်ဟွမ်အားထိ​တွေ့​တော့မည့်ဆဲဆဲမှာဟော်ချွီထံမှတားမြစ်ပိတ်ပင်ခြင်းခံလိုက်ရ​ပေ၏။

အဲဗန်ဆန်မှာ အနည်းငယ်ရှုပ်​ထွေးသွားပြီး
ဘာများဖြစ်လို့လဲ​မေးရန်ကြံလိုက်​ပေမယ့် ​ဟော်ချွီ၏ စူးရဲ​ခက်ထန်နေ​သောမျက်ဝန်း​တွေအားမြင်လိုက်ရ​သောအခါ ချက်ချင်းပဲသ​ဘော​ပေါက်နားလည်သွား​တော့သည်။

ယွီချင့်ဟွမ်အပေါ် စက္ကန့်ပိုင်း​လောက်အကြည့်​တွေတဝဲလည်လည်လုပ်​နေပြီးခါမှ သူသည်ချင့်ဟွမ်နှင့်ခန္ဓာကိုယ်ချင်းထိ​တွေ့ရင်းနှီးဖို့မကြိုးစားတော့ပဲလိုရင်းဖြစ်သည့် Ada ​ကြော်ငြာကိစ္စဆီသာ ​ရောက်သွားတော့သည်။

အလုပ်လုပ်​နေတဲ့စပ်ကြားမှာ​တော့ အဲဗန်ဆန်ဟာအ​တော်​လေး​​လေးနက်နက်ရှိ​သည်။သူသည်ယွီချင့်ဟွမ်ရဲ့ခန္ဓာကိုယ်အချိုးအစားအချက်အလက်များကိုအ​သေးစိတ်​တောင်းဆိုပြီး ယွီချင့်ဟွမ်အား သူ့အတွက်ပို့စ်အနည်းငယ်ပြုလုပ်ခိုင်းကာ အတူရှိ​နေသည့်ဓါတ်ပုံဆရာကို​တောင် ပုံအနည်းငယ်ရိုက်ကူး​ခိုင်းလိုက်​သေးသည်။

ထိုပုံများနှင့်ယွီချင့်ဟွမ်မျက်နှာကိုအ​သေးစိတ်ကြည့်ရှု​လေ့လာပြီးမှ သူသည်ပုံများကို​အောက်ချထားလိုက်ပြီး ယွီချင့်ဟွမ်ထံလက်ဆွဲနှုတ်ဆက်လိုက်သည်။

"လာမယ့်နှစ်မှာ ငါတို့​ပြည့်စုံကောင်းမွန်တဲ့ပူး​ပေါင်း​ဆောင်ရွက်မှု​​လေးတွေဖြစ်လာ​စေဖို့ ​​မျှော်လင့်ပါတယ်"

ဒါဖြင့်...သူရသွားပြီ​ပေါ့?! အ​ပေါ်ယံ​လေးတချက်​​နှစ်ချက်လောက်ကြည့်ပြီးတာနဲ့ သူ့ကို​​သုံးဖို့ဆုံးဖြတ်လိုက်တယ်​?Ada ရဲ့ Spokesman ​ရွေးချယ်မှုကအမြဲဒီလိုဖြစ်ကတက်ဆန်းပဲလား?

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now