Cha-30.2

7.6K 1.4K 25
                                    

[Unicode]

​နောက်တ​နေ့မနက်​စော​စော​ရောက်​တော့ ယွီချင့်ဟွမ်မှာဝတ်စားပြင်ဆင်ပြီး ရိုက်ကွင်း​နေရာသို့ရောက်လာသည်။

ပထမဦးဆုံးရိုက်ကူးရမည်မှာသူနှင့်ဖန်းကျုံးရှီးနှစ်​ဦးကြားဇာတ်ဝင်ခန်းဖြစ်၏။

ထူးဆန်းအံ့သြဖွယ်ကောင်းသည်မှာ အမြဲလိုလိုအချိန်တိကျမှန်ကန်တတ်သည့်ဖန်းကျုံးရှီးတ​ယောက် ယ​နေ့ဖြစ်​တောင့်ဖြစ်ခဲနောက်ကျ​​နေတာပင်။

ရိုက်ကူး​ရေးအဖွဲ့သား​တွေအားလုံးအချိန်တခုကြာသည်အထိစောင့်ဆိုင်း​နေရပြီးမှ ​နောက်ဆုံးတွင်အား​တောင့်အားနာဖြစ်​နေသည့်မျက်နှာ​​​​ပေးလေးနဲ့​သူကရောက်ရှိလာသည်။

ယခုတ​ခေါက်မှာပထမဆုံးအကြိမ်ဖြစ်သည့်အပြင်အရိုးခံစိတ်ရင်းမှန်ဖြင့်ဝန်ချတောင်းပန်နေတာ​​ကြောင့်လျိုကျားအန့်မှာစိတ်ဆိုးမ​နေ​တော့ပဲ လက်​ဝှေ့ယမ်းသာပြလိုက်ကာ သူအားအဆင့်သင်ပြင်ခိုင်းထားလိုက်​တော့သည်။

ဖန်းကျုံးရှီးမှာစိတ်နဲ့ကိုယ်မကပ်သည့်အလားဖြစ်​နေပြီး ​နေရထိုင်ရတာအလွန်သက်တာင့်သက်သာရှိမ​နေသလိုပင်။မိတ်ကပ်အထူကြီးနှင့်ဖုံးကွယ်ထားရင်တောင် လွယ်လွယ်ကူကူ​​တွေ့မြင်နိုင်​လေသည်။

"ခင်ဗျား အဆင်​ပြေရဲ့လား?"

တ​ယောက်နဲ့တ​ယောက်ရင်းနှီးကျွမ်းဝင်ခြင်းမရှိကြ​ပေမယ့် ယွီချင့်ဟွမ်မှာထိုသို့မြင်​တွေ့လိုက်ရရင် မ​နေသာ​တော့ပဲ ကင်မရာကို​ကျောခိုင်းထားရင်းက ဂရုတစိုက်​မေးမြန်းမိသည်။

"ကောင်းပါတယ်"  ဖန်ကျုံးရှီးမှ ​အေးတိ​အေးစက်​ပြန်ဖြေလာသည်။

သူ့အားစကားမ​ပြောချင်ဟန်​ပေါက်​နေတာကိုသတိပြုမိသွားတာ​ကြောင့် ယွီချင့်ဟွမ်မှာဆက်မ​ပြော​တော့ပဲ သူ့ဝတ်စုံကိုသာ​ခေါင်းငုံ့လို့နေရာတကျသပ်သပ်ရပ်ရပ်ပြင်ဆင်​နေလိုက်သည်။

ဒါဟာ ယွီချင့်ဟွမ်အတွက်​တော့ ဒုတိယ​မြောက်​နောက်ဆုံးဇာတ်ဝင်ခန်းဖြစ်​သည်။လူကယ်ဆယ်​ရေးအခန်းဖြစ်ကာ အားအင်​တွေအဆမတန်သုံးစွဲရမည့်ဇာတ်ဝင်ခန်းမျိုးပင်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now