Cha-7

8.6K 1.9K 94
                                    

[Unicode]

"မြန်မြန်! ​ဟော်ချွီကိုဖုန်းခေါ်ကြည့်ချေ!"

သူမသည်အလွန်တရာစိုးရိမ်ကြောင့်ကြဖြစ်နေသည့် အတွက် သူမသားနာမည်အပြည့်ကိုတောင် ခေါ်မိပြီး မျက်နှာမှာလည်းသွေးမရှိဖြူလျော်လို့နေပေ၏။

​ဟော်ချွီဘေးမှာဘယ်သူမှမရှိဘူး မတော်လို့များ
သူ့မှာမကောင်းတာတခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ...

သူမသည် ပိုပိုပြီးတွေးမိလေလေ ပိုပိုပြီးစိုးရိမ်​ကြောင့်ကြဗျာပါဒ​တွေများလာရသည်။ ထို့ကြောင့် ​ဟော်ယုံအားအတင်းကာရောတိုက်တွန်းလိုက်ကာ

"သူ့ကိုခေါ်ကြည့်ပြီးပြီလား? သူဘယ်လိုလဲ? သူအခု ဘယ်မှာရှိနေတာလဲ?"

"မား, ဘယ်သူမှဖုန်းလာမကိုင်ဘူး.."

​ဟော်ယုံကမတက်သာတော့ဘဲ သူမဆီဖုန်းထိုးပေးလိုက်ကာ ဖုန်းမအားတဲ့အသံကိုနားထောင်စေသည်။

"ကျွန်တော်တော့ သူဒီနေ့ဖုန်းမပါလာဘူးထင်တာပဲ.."

"ငါတော့သူ့ကိုအရမ်းစိတ်ဆိုးနေပြီ...!"

မဒမ်​ဟော်မှာပင့်သက်ရှိုက်လိုက်ရင်း ရင်ဘတ်ကိုလက်​တွေဖြင့်ဖိထားကာ မျက်လုံးထဲတွင်တော့ မျက်ရည်များရစ်ဝဲလို့နေပေ၏။

"မား စိတ်မပူပါနဲ့ ..."

​ဟော်ကျန်းမှာဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမအားနှစ်သိမ့်ဖို့ကြိုးစားနေ၏။

"သူကအရွယ်ရောက်နေပြီပဲ...သူ့ကိုယ်သူဂရုစိုက်နိုင်ပါတယ်..အဆင်ပြေမှာပါ.."

သူမလက်သင့်မခံမှာစိုးရိမ်သည့်အတွက် သူကထပ်ဖြည့်ပြောလိုက်သည်။

"ဒီလိုဆိုဘယ်လိုသဘောရလဲ? ကျွန်တော်အခုပဲ သက်တော်စောင့်တွေခေါ်ပြီးသူ့ကိုဈေးဝယ်စင်တာထဲလိုက်ရှာကြည့်မယ်..မားမားနဲ့ဟော်ယုံက ဧည့်ကြိုကောင်တာကိုသွားပြီး သူတို့ကိုလူပျောက်ကြေငြာခိုင်းလိုက်.."

"​ကောင်းပြီ ​ကောင်းပြီ ​ကောင်းပြီ.."

မဒမ်​ဟော်မှာစိတ်နဲ့ကိုယ်နဲ့မကပ်​တော့ပြီဖြစ်တာ​ကြောင့် သူမသားကြီး၏လက်ကိုဆွဲကိုင်ထားပြီး ခေါင်းကိုသာအသာငြိမ့်ပြနိုင်တော့၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now