Cha-18

8.3K 1.6K 104
                                    

[Unicode]

ဇာတ်ကားအဖွဲ့သားတယောက် ခိုးကြောင်ခိုးဝှက်ကင်မရာတခုဖြင့် ရိုက်ကူးခံလိုက်ရခြင်းမှာ လျိုကျားအန့်၏ ဒေါသအားမိုးထိုးသွားစေသည်။

ယနေ့မှာ သူတို့က သရုပ်ဆောင်တွေရဲ့ ကိုယ်ရေးကိုယ်တာကို တိတ်တိတ်ပုန်းခိုးရိုက်နိုင်ခဲ့တယ်ဆို နောက်တနေ့ကျရင်ကော? သူ့ ဇာတ်ကား "The Line of Life and Death" နှင့် ပတ်သက်တဲ့ ဗီဒီယိုအပိုင်းအစတွေပါ ပေါက်ကြားလာလေမလား? ဟူ၍ပင်။

ထို့နေ့မှာပဲ ဇာတ်ကားအဖွဲ့သားတိုင်း ရိုက်ကူးရေးနေရာကစလို့ ဟိုတယ်အထိ သရုပ်ဆောင်တွေ၏နားနေခန်းပါမကျန် သူတို့တွေးထင်လို့ရသမျှနေရာတိုင်းကို မခြွင်းမချန်ထောက်လှမ်းစစ်ကြောရေး စတင်တော့သည်။ ကင်မရာပုန်းတွေမပြောနှင့် ထောင့်စွန်းနားတွင်ပုန်းကွယ်နေသော ဆံခြည်မျှင်
တချောင်းတောင်မှ ရှာဖွေတွေ့ရှိနိုင်သည်အထိပင်။

သို့သော်ငြားလည်း လျိုကျားအန့်မှာမသက်မသာ ခံစားနေရတုန်းပင်။ ထို့ပြင် သူကျောက်ချင်းယွမ်အားကြည့်နေပုံမှာလည်း သာမာန်ထက်လွန်ကဲပြီး
ပုံမှန်မဟုတ်။

"မင်း ညကြီးမင်းကြီး ချင့်ဟွမ်အခန်းကိုဘာသွားလုပ်ရတာလဲ?!"

လျိုကျားအန့်မှာ သူ့ကိုယ်သူစိတ်ဖြေသည့်အနေဖြင့် မက်မွန်စည်သွတ်ဘူးစားနေရင်း ဆူပူကျိန်းမောင်းလိုက်၏။

"ခုတော့ ကိစ္စတွေကဒီလိုဖြစ်လာပြီ ..မင်းကိုယ်မင်း ဘယ်လိုပြန်ဖြေရှင်းမလဲ?"

လျိုကျားအန့် စိတ်ဆိုးဒေါသထွက်သည်မှာလည်း အံ့အားသင့်စရာမဟုတ်ပေ။ ခုလိုလိင်ပိုင်းဆိုင်ရာကောလဟလများမှာ လူထုအကြိုက်ဖြစ်သည်။ သူတို့က အမှန်တရားဆိုတာကို စိုးစဥ်းမျှစိတ်မဝင်စားပေ။ သူတို့လိုချင်တာက အတင်းအဖျင်းတွေသာဖြစ်၏။ ပိုနှိုးဆွနိုင်မှုရှိလေလေ ပိုကြိုက်လေ​လေဖြစ်၏။

သက်သေသာဓကသာမရှိရင် ကျောက်ချင်းယွမ်နှင့် ယွီချင့်ဟွမ် အဘယ်မျှသူ့တို့ဘာသာအကြိတ်အနယ် ရှင်းပြကြသည်ဖြစ်စေဦးတော့ လူတွေက ယနေ့ကောလဟလတွေကို အချိန်အကြာကြီးအထိအမှတ်ရလို့နေကြမှာပင်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now