Cha-41

6.7K 1.3K 57
                                    

[Unicode]

နှစ်သစ်ကူးပွဲတော်ပြီးဆုံးသွားတာနှင့်တပြိုင်နက် Orange ရိုက်ကူးရေးအဖွဲ့သားတွေဟာစတင်ပြီးပြန်လည်အလုပ်ရှုပ်လာကြသည်။

ကြည်ရသလောက်မှာကျောက်‌ရွေမှရိုက်ကူးရေးကိုအရှိန်မြှင့်တင်နေချင်ဟန်ရှိပြီး ခရစ်သက္ကရစ်နှစ်၏ပထမဆုံးလမှာပဲ အပြီးသတ်ချင်နေပုံရသည်။သူဟာရိုက်ကူးရေးအချိန်ဇယားကိုပြန်လည်ပြင်ဆင်ရုံသာမက အလုပ်သမားတချို့ကိုပါထပ်မံဌားယူလာတာကြောင့် သမိုင်းသစ်တွင်ရလောက်သည်အထိပင်။

"ရွေကော မနက်ဖြန်ကျွန်တော်ခွင့်တရက်ယူပါရစေ"

လပြက္ခဒိန်၏ပထမဆုံးလရဲ့၁၄ ရက်မြောက်နေ့ညနေခင်းအချိန်နောက်ဆုံးဇာတ်၀င်ခန်းကိုရိုက်ကူးပြီးစီးသွားတာနှင့် ယွီချင့်ဟွမ်မှာ သူမျက်နှာပေါ်တွင်ပေကျန်နေသောရွှံ့တွေကိုသုတ်နေရင်းက ကျောက်ရွေဆီလျှောက်သွားပြီး ပြောလိုက်သည်။

"ကျွန်တော့်အရင်ကုန်ပစ္စည်းကြော်ငြာလေးတခုက ဓါတ်ပုံအချို့ပြန်လည်ရိုက်ကူးဖို့လိုအပ်နေတယ်"

ယွီချင့်ဟွမ်မှာ Ada ထံမှ ယနေ့တွင်ဖုန်းလက်ခံရရှိခဲ့သည်။၎င်းတို့မှပြောလာသည်မှာ သူတို့၏ Exquisite နာရီစီးရီးအတွက် Spokesman ကိုရရှိလာပြီဖြစ်ကြောင်းနှင့် ယွီချင့်ဟွမ်အား ထိုသူနှင့်အတူအဖွဲ့လိုက်ရိုက်ကူးမှုပြုလုပ်ပေးရန်တောင်းဆိုလာခဲ့သည်။

အဖွဲ့ပုံတချို့‌တလေလောက်သာဖြစ်သော်ငြား တ‌ယောက်ကိုတယောက်ရေရေရာရာမသိကြသေးသောသူနှစ်ယောက်အတွက်တော့ပြီးပြည့်စုံတဲ့ပူးပေါင်းဆောင်ရွက်မှုနှင့်ကွာလတီကောင်းကောင်းပုံများရလာဖို့ အချိန်‌အတန်အသင့်ပေးရလိမ့်ပေမည်။ ထို့ကြောင့်မို့ ယခုလုပ်ငန်းစဉ်ဟာတနေ့ထက်ပို၍ အချိန်ယူ‌ကောင်းယူနိုင်လေသည်။

ထိုသို့ကြားလိုက်ရလျှင် ကျောက်ရွေမှာမျက်မှောင်ကြီးရုတ်တရက်ကြုံ့သွားခဲ့၏။တနေ့တာရိုက်ကူးမှုနှောင့်နှေးရခြင်းဟာ တနေ့တာကုန်ကျစရိတ်ပိုရှိလာလိမ့်မည်ဟူသောအဓိပ္ပါယ်ပင်။

ရုပ်ရှင်အတွက်ပရိုမိုးရှင်းဆင်းနိုင်ရန် သူ့ပိုက်ဆံတချို့ချန်လှပ်ထားရဦးမည်ဖြစ်၏။မျှမျှတတဘက်မလိုက်ပဲဆိုရလျှင် ဘယ်ဒါရိုက်တာမျိုးကမှ‌ဒါကိုလက်သင့်ခံချင်လိမ့်မည်မဟုတ်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now