Cha-44.1

6.4K 1.4K 189
                                    

[Unicode]

"ဒါကငါ့သူငယ်ချင်း ချင်ကျန့်"

ယွီချင့်ဟွမ်ဟာ ဟော်ချွီနောက်ကနေထွက်ပေါ်လာပြီး သူတို့အချင်းချင်းအားမိတ်ဆက်ပေးလိုက်သည်။

"ကော ဒါကဟော်ချွီ"

အမျိုးသားနှစ်ဦးမှာတဦးကိုတဦးစက္ကန့်တချို့ကြာအောင်အပြန်အလှန်စူးစိုက်ကြည့်နေကြပြီး ချင်ကျန့်ဘက်ကနေဦးစွာခေါင်းညိတ်ပြလာသည်။

အမှန်တော့ဟော်ချွီမှာ သူစိမ်းတရံတွေကိုဘယ်လိုနှုတ်ဆက်ရမယ်ဆိုတာမသိပေ။သို့သော် ခုလိုအခြေအနေမျိူးနှင့်ရင်ဆိုင်ရလေသောအခါ ချင်ကျန့်အားလက်မြှောက်အရှုံးမပေးနိုင်ဟူ၍သာတွေးမိလိုက်ပြီး ချင်ကျန့်ဆီကအတိုင်းတထပ်တည်းသင်ယူကာပြန်ခေါင်းညိတ်ပြလိုက်သည်။

"မင်းတို့ညစာအတူသွားစားကြမို့လား?"

ဟော်ချွီမှ ယွီချင့်ဟွမ်ဘက်လှည့်ပြီးလေသံခပ်တိုးတိုးဖြင့်မေးလိုက်၏။

"ဟုတ်တယ်" ယွီချင့်ဟွမ်မှ ခွန်းတုံ့ပြန်လာသည်။မတရားခံထားရသလိုပုံပေါက်နေသောတဖက်သူမျက်နှာအားမြင်တွေ့လိုက်ရသောအခါ သူ့စိတ်သူချုပ်တည်းထားလိုက်ပြီးမေးမြန်းလိုက်၏။

"ဘယ်လိုဖြစ်ပြီးခုမှရောက်လာရတာလဲ?"

"ကိုယ်မင်းကိုလွမ်းနေတာ" ဟော်ချွီမှ တွေးတောမှုမရှိပြန်အဖြေပေးလာသည်။

ထို့နောက်တွင် သူ့တဖက်မှာရှိနေတဲ့ ချင်ကျန့်ဆီအကြည့်တချက်ရောက်သွားပြီး လေသံတိုးဖွဖွလေးဖြင့်ပြောလာသည်။

"မင်းကတခြားတယောက်နဲ့ဒင်နာအတူသွားစားဖို့လုပ်နေချိန်မှာ"

တခဏလောက်အချိန်ဆိုင်းနေပြီးနောက် သူကသနားစဖွယ်ဖြည့်စွက်ပြောလာပြန်သည်။

"ကိုယ်ကဖြင့်မနက်စာတောင်မစားရသေးဘူး"

"ဘာလို့မနက်စာမစားရသေးတာလဲ?"

ယွီချင့်ဟွမ်ရဲ့စာနာဂရုဏာသက်မှုကို သူချက်ချင်းပဲသိမ်းပိုက်လိုက်နိုင်၏။ယွီချင့်ဟွမ်မှ သူ့ပထမစကားကိုလစ်လျူရှုထားလိုက်ပြီး သူ့အားအပြစ်တင်အကြည့်ဖြင့်ကြည့်လာသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now