Cha-40

6.8K 1.4K 111
                                    

[Unicode]

ယွီချင့်ဟွမ်ဟာ အရက်သောက်နိုင်စွမ်းမရှိ​ပေ။ထို့​ကြောင့် အထိမ်းအမှတ်တခုအ​နေနှင့် ​ကျောက်​ရွေနှင့်အတူ တငုံနှစ်ငုံအလိုက်အထိုက်သောက်ပြီးတာနှင့် ခွက်ကိုချထားလိုက်၏။​ကျောက်​ရွေကလည်းအ​ရေးမစိုက်​ သူ့ဘာသာတိတ်တဆိတ်တခွက်ပြီးတခွက်​​သာသောက်​​နေခဲ့သည်။

ယွီချင့်ဟွမ်မှာကနဦးတုန်းက​တော့ သူ့အားအများကြီးမ​သောက်ရန် နားချချင်​သေးသည်။ သို့ရာတွင် တဖက်လူမျက်နှာမ​ကောင်းဖြစ်​နေတာကိုမြင်လိုက်ရ​သော် ​ပြောချင်တာကိုမြိုသိပ်ထားလိုက်ရ၏။တနှစ်မှာတခါသာပါပဲ​လေ သူ​ကောင်း​ကောင်း​သောက်ပါလိမ့်စေ​ဟူ၍။

Ergoutou ဆိုတာအ​တော်​ပြင်းတဲ့ဝိုင်အမျိုးအစားဖြစ်သည်။ကျောက်​ရွေဟာငါးတ​ကောင်လို​ဘယ်လိုပဲသောက်နိုင်ပါ​စေဦး ၂ပုလင်း​လောက်ရှိ​​လေပြီးသော အခါ မူး​ဝေလာ​လေပြီ။

ကံ​ကောင်း​ထောက်မစွာဖြင့် သူဟာမူး​နေရင်တောင်အမူ​အကျင့်ကောင်း​​​ရှိနေ​သေးပြီး ယစ်ထုတ်ကြီးဖြစ်မ​နေခဲ့​ပေ။သူ့ပိုက်ဆံအိတ်ထဲက​နေ ဓါတ်ပုံတပုံကိုထုတ်ယူပြီး တိတ်တဆိတ်​လေးစိုက်ကြည့်​နေခဲ့၏။

"အန်ကယ်​ရွေ ဘာဖြစ်​နေတာလဲ?"

ဝမ်​ရွေ​​ရွေမှာမျက်​တောင်​လေး​​တွေခတ်ပြီး သူမရဲ့ငယ်ရွယ်နုနယ်​သောမျက်နှာပြင်ထက်ဝယ် စိတ်ပူပင်မှုများအပြည့်ဖြင့်​မေးလာ၏။

က​လေးမ​လေးမှာ ငယ်ရွယ်စဥ်က​လေးဘဝကတည်း ကနေထိုင်ရာဘဝ​ပေးအ​ခြေအ​နေ​ကြောင့်လားမသိ အရမ်းကိုအမြင်စူးရှပြီး တချက်တည်းနှင့်​ကျောက်​ရွေစိတ်အ​​ခြေအ​နေမ​ဟန်တာကို ​တန်းသတိမူမိလေသည်။

"ဘာမှမဖြစ်ပါဘူး"

ယွီချင့်ဟွမ်မှညင်သာစွာပြောလိုက်ကာ သူမအတွက်ပုစွန်တ​​ကောင်​​ကောက်ယူထည့်​ပေးလိုက်ပြီး

"အန်ကယ်​ရွေကမူး​နေလို့ပါ ​ရွေ​ရွေစိတ်မပူနဲ့"

"ဟုတ်"

ဝမ်​ရွေ​ရွေမှ သူပြောတာယုံသွားပြီး ​ခေါင်းညိတ်ပြလာကာ အသံ​လေးမှာလန်းဆန်းတက်ကြွပြီးသိမ်​မွေ့​လို့နေသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now