Part 61(unicode)

7.5K 1.3K 224
                                    

Chapter 61;

တစ္ဆေခြောက်တဲ့အိမ်ကြီးတွင်အထပ်သုံးထပ်
ရှိသည်။ ဝင်ပေါက်တွင်ပြောထားသည့် နိဒါန်း
မိတ်ဆက်အတိုင်း တစ်အိမ်လုံး လျှောက်ပတ်
ကြည့်ချင်လျှင် အချိန်မိနစ်လေးဆယ်ကြာမှာဖြစ်သည်။ သို့သော်, လာရောက်လည်ပတ်သူ
များသည်ပထမထပ်မှာတင်အသဲခိုက်မတိုက် ကြောက်လန့်သွားပြီး ရှေ့ဆက်ဆက်မသွားရဲ
ကြတော့ပေ ။နောက်တစ်နည်းစဥ်းစားကြည့်
လျှင်, သူတို့ရဲ့စူးစူးဝါးဝါး အော်ဟစ်နေသည့်
အသံများကြောင့် သရဲပင်သူတို့အား ပြန်လန့်
သွားလောက်​ကြောင်း ကျန်ချန် ကြံကြံဖန်ဖန်
တွေးမိသေး၏။မီးရောင်မှိန်မှိန်လင်းနေသည့်
အခန်းမှနောက်တစ်ခန်းထဲသို့သူတို့ရောက်နေ
တာမိနစ်နှစ်ဆယ်ရှိ​ေ ဖြစ်သည်။သို့သော်ယခု
ချိန်ထိအပေါ်ထပ်တက်ဖို့လှေကားထစ်ကို ရှာ
မတွေ့သေး​ေပ။

ကျန်ချန် မေးလိုက်သည်။
"ငါတို့ အပေါ်ထပ်တက်ဖို့လမ်းကြောင်း
အရင် ရှာသင့်တာမလား?။"

"ငါလည်း ရှာနေတ​ယ်။"
အရှေ့ဆုံးမှ ဖန်းကျိကပြော၏။
"ပြီးတော့ ဒီအခန်းက ငါတို့ရောက်ပြီးသား
မဟုတ်ဘူးလား.?။"

ကုဖေးက ဝင်ပြောသည်။
"မဟုတ်ဘူး။"

ဖန်းကျိသည်အရှေ့တည့်တည့်မှာအသေပိတ်
ထားသည့်တံခါးပေါက်ကိုလက်ညိုးညွှန်၏။
"ငါတို့ အဲ့တံခါးကို မဖြတ်ရင် တစ်ခြားနည်း
လမ်းမရှိတော့ဘူး။ ဖြစ်နိုင်တာ..."

သူစကားဆုံးအောင်မပြောရသေးခင် သူတို့ရဲ့
အနောက်မှကလေးငယ်ရဲ့တခစ်ခစ်ရယ်သံများ
ပျံလွင့်လာခဲ့သည်။

အသံအနေအထားပြောင်းလဲမှုမရှိသည့်နောက်
ခံတီးလုံးသာသာကလေးရဲ့ရယ်သံကအခန်းရဲ့
ထောင့်၌ပုန်းလျှိုးတပ်ဆင်ထားသည့် စပီကာမှ
ပျံလွှင့်လာတဲ့အသံမှန်းကျန်ချန​်သိနေသည့်
တိုင်ကြက်သီးမွှေးညှင်းတဖျင်းဖျင်းထလာတာ
ကို မတားဆီးနိုင်ပေ။

လီစုန်းကမေး၏။
"ငါတို့ရဲ့အနောက်မှာ သရဲရှိနေတာလား?။"

ရွှီမင်းသည် လီရိချင်းရဲ့လက်မောင်းကို တင်း
တင်းဆုပ်ကိုင်ထားပြီးခေါင်းကိုငုံ့ကာဘေးဘီ
ကိုမကြည့်ရဲတော့ပေ။
"သွား.,သွားရအောင်လေ။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now