Part 53(unicode)

6.7K 1.3K 378
                                    

Chapter 53;

တန်းခွဲ၂ ဖက်မှတောင်းဆိုလာသည့် အနားယူချိန်မှာဆီလျော်မှုရှိသည်။ပထမပိုင်းပွဲစဥ်မှာအချိန်သုံးမိနစ်ကျန်သေးသည့်အပြင်နားချိန်လည်းအလုံအလောက်ထပ်ပြီးရလိုက်သည်။သူတို့သည် တန်းခွဲ ၈ရဲ့စည်းချက်မှန်မှန်သွားနေသည့် ကစားဟန်ကို အနှောင့်အယှက်ပေးလိုက်နိုင်သည့်အပြင်၊သူတို့အားတန်းခွဲ (၈)မှကျော်တက်သွားမည့်အခွင့်ရေးကို ကန့်သတ်လိုက်သည်။

ကျန်ချန်သည်အမှတ်ပေးဘုတ်ပြားအားလှမ်း
ကြည့်လိုက်၏။ သူတို့အသင်းသည် လေးမှတ် နောက်ကျနေ၏။အမှတ်ကွာဟမှုကသိပ်မများ
ပေ။ထိုအမှတ်သည်သူတို့အတွက်အမှီလိုက်ဖို့လွယ်ကူသည်။သူတို့ပြိုင်ဖက်အသင်းကတန်း
ခွဲ ၂ဖြစ်နေလျှင်တောင်ပြသာနာမရှိပေ။သူတို့
ရဲ့အသင်းလိုက်အရည်အချင်းဒါမှမဟုတ် ကစားသမားတစ်ယောက်ချင်းရဲ့
အရည်အချင်းကိုပဲ ကြည့်မလား...
သူတို့အသင်းသည်တန်းခွဲ ၂ထက်အလေးသာနေ
ဆဲဖြစ်၏။ထို့ကြောင့်လေးမှတ်သည်သူတို့အတွက်လက်လှမ်းမှီနိုင်တဲ့အတိုင်းအတာဖြစ်သည်။

သူတို့်သည်ယနေ့ပွဲစဥ်အတွက်လီယန်ကိုကျေး
ဇူးတင်သင့်သည်။လီယန်သည် သူတို့ပုံများကို ရိုက်ကူးပေးသည့်အပြင် ပွဲစဥ် တလျှောက်လုံး
သူတို့ရဲ့အသင်းနည်းပြအဖြစ်လုပ်ဆောင်ပေး
ခဲ့သည်။

ပွဲကစားချိန်ခေတ္တအနားပေသည့်အခါလူတိုင်း
သည်လီယန်ဘေးမှာဆောင့်ကြောင့်ထိုင်​ေနပြီး
လီယန်ရဲ့စီမံမှုများကိုနားထောင်နေ၏။

"ငါကစကားပြောပွင့်လင်းတယ်။အဲ့ဒါကြောင့်
ငါပြောသမျှ နှလုံးသားထဲမှာ အသေမှတ်ထား
စရာမလိုဘူး။မင်းတို့အားလုံးစိတ်တအားလှုပ်
ရှားနေတာ ငါမြင်တယ်။"
လီယန်ကပြောသည်။
"မင်းတို့နိုင်ချင်ရင်နေရာတစ်နေရာတည်းမှာပဲ
တသတ်မတ်တည်းရပ်မနေနဲ့။ ကွင်းထဲမှာပတ်
ပြေးနေရမယ်။သူတို့ဘက်ကကစားသမားတွေကကျောင်းအသင်းရဲ့လူတွေပဲမလား။သူတို့ရဲ့ အသင်းလိုက်လုပ်ဆောင်မှုတစ်လနှစ်လတည်း
နဲ့ဖြစ်လာတာမဟုတ်ဘူး။ငါထပ်ပြောမယ် မင်း
တို့တကယ်နိုင်ချင်ရင်၊အမှတ်တအားကွာတာ
မလိုချင်ရင် အခုထက်ပိုကြိုးစားဖို့လိုတယ်။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now