Part 13(unicode)

8.5K 1.4K 77
                                    

Chapter 13; သူ့နားထဲတွင် ရေသံများမြည်
ဟည်းနေ၏။

ဤမနက်တွင် ကျန်ချန်တစ်ယောက်အိပ်ယာနောက်ကျမှနိုးလာသည်။သူ့မျက်လုံးများကို ဖွင့်ပြီး နာရီကြည့်လိုက်သည့်အခါ မနက်ပိုင်းစာသင်ချိန် စတော့မည်ဖြစ်၏။

ယနေ့ဆိုလျှင် သူကျောင်းပြေးတာနှစ်ရက်ရှိ
ပြီဖြစ်သည်။သူက နှစ်ရက်လုံးလုံးအိမ်မပြန်သည့်အတွက်ကြောင့် အတန်းချိန်နောက်ကျခြင်းဖြစ်၏။ဒါပေမဲ့ သူ အတန်းတက်မယ်လို့ ဆုံးဖြတ်ထားသည့်အတွက် နောက်ကျနေလို့ မကောင်းဘူးလို့ ကျန်ချန် တွေးလိုက်မိတယ်။

အတန်းချိန်စပြီဖြစ်သော်လည်း၊ အတန်းလစ်ဖို့အစီအစဉ် သူ့မှာမရှိချေ။ထို့ကြောင့် သူအိပ်ယာပေါ်မှမြန်မြန်ခုန်ဆင်းပြီး သွားတိုက်တံကို ယူ၍ရေချိုးခန်းထဲဝင်သွားလိုက်တယ်။ပုံမှန်
အားဖြင့် ဟိုတယ်မှာ နေချိန်တိုင်းဟိုတယ်ပိုင်ပစ္စည်းများ သူမသုံးဖြစ်ဘူး။သွားတိုက်တံ၏ အမွှေးများဟာ မာသည့်အပြင် အရွယ်အစား
လည်းကြီး၏။ သူ ဘယ်လက်နှင့်အားပြုပြီး သွားတိုက်နေရသောကြောင့် ဒါမှမဟုတ် သူ့ သွားတိုက်တံက မာလွန်း၍လား သူမသိပေ။ သူ ပလုတ်ကျင်းသည့်အချိန်တွင် သူ့သွားဖုံးသည်သွေးထွက်လာ၏။ခေါင်းပြန်မော့လိုက်ချိန်တွင် မှန်ရှေ့မှာ မျက်ကွင်းညိုညို၊ ပါးစပ်နားတစ်ဝိုက်အဖြူရောင် creamအမြုပ်များ
ပေနေသည့် သူ့ကိုယ်သူ ကျန်ချန် မြင်လိုက်
ရသည်။

ကျန်ချန် မှန်ကိုကြည့်လိုက်ပြီးပတ်တီးစည်း ထားသည့်လက်ကို ရင်ဘတ်ပေါ်တွင်တင်၍ အဆုတ်အတွင်းသို့ ခက်ခက်ခဲခဲ လေရှုသွင်းနေသည့်အတိုင်း သရုပ်ဆောင်လိုက်တယ်။

"အ.....ဒုက္ခရောက်ပြီ။ အဆိပ်ကြောင့် ဒုက္ခ
ရောက်ပြီ.....အ...အ.....။"

သူ အပြည့်အဝသရုပ်ဆောင်ပြီးနောက်တွင် ကျေနပ်အားရစွာရယ်လိုက်သည်။နောက်မှ အတန်းချိန်နောက်ကျနေတာကို သတိရပြီး မျက်နှာပေါ် ရေနှင့်ပက်၍ သွက်သွက်လက်
လက်ဆေးကြောသန့်စင်လိုက်၏။ အခန်းခ
ရှင်းပြီး မိုတယ်အပြင်သို့ ထွက်လာတဲ့အခါလမ်းမျက်နှာချင်းဆိုင်မှာရှိနေသည့် RuJia
ဟိုတယ်သည် သူ့ကို လှောင်ရယ်ပြနေသလိုကျန်ချန် ခံစားလိုက်ရသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now