Part 2 (unicode)

16K 1.9K 17
                                    

Chapter 2; ပူရှစ်ဟောင်နျောင် [ဌက်ကောင်း
မဟုတ်]

သူ့အမေစကားအတိုင်းဆိုလျှင်,လက်ရှိအခြေအနေကထူးဆန်းသကဲ့သို့ကျန်ချန်ခံစားရသည်။သူ့အတွေး
ရထားသည်ရှုပ်ထွေးနေ၍ အကုန်မေ့မေ့ပျောက်
ပျောက်ဖြစ်လာ၏။

လွန်ခဲ့တဲ့ဆယ်နှစ်စုကာလတွင် သူ့ဘဝမှာ မိဘအစုံ
အလင်နှင့်မိသားစုတစ်ခုရှိခဲ့သည်။ သူတို့ ရဲ့မိသား
စုဆက်ဆံရေးကသိပ်အကောင်းကြီးမဟုတ်ပေမယ့်
ဆိုးရွားနေတာမျိုးမဟုတ်ချေ။ အမေ နာမည်,ရှန်ယီကျင်း၊အဖေနာမည်,ကျန်းဝေ့၊ပြီးတော့သူ့မှာညီလေးတစ်ယောက်ရှိခဲ့၏။

ဒါပေမယ့်,သူမေ့နေပြီဖြစ်သော နာမည်တစ်ချို့နှင့်
လီပေါင်ကော်ရဲ့မိသားစုစာရင်းထဲတွင် ထည့်သွင်း
ခံခဲ့ရသည်။

သူ့ဦးနှောက်သည် ယခုအခါလုံးလုံးရှုပ်ထွေးနေ၏။

စင်စစ်တွင်  ,သူနှင့်သူမိသားစုကြားမှာဆက်ဆံရေးတင်းမာမှုများရှိခဲ့သည့်အပြင်၊သူ့မိဘတွေနှင့်သူတို့ညီအစ်ကို ကြားမှာ ရှိသော ဆက်ဆံရေးကို ' မီးညွှန့်မီးလျှံတစ်စကြောင့်နှင့် ကောက်ရိုးပုံတစ်ပုံလုံးမီးဆွဲလောင်နိုင်သကဲ့'သို့တငွေ့ငွေ့လောင်ကျွမ်းခဲ့သည်။သူသေချာပြန်စဥ်းစားကြည့်မိသည့်အခါ၊ညီအစ်ကိုချင်းစကားလုံးဝမပြောဖြစ်ခဲ့တာတစ်နှစ်ပင်ရှိတော့မည် ဖြစ်သည်။ အမြဲတမ်းသိမ်မွေ့ပြီးအေးချမ်းနေ
ခဲ့သည့်သူ့အမေပင်အေးချမ်းတည်ငြိမ်မှုပျောက်ဆုံးနေ၏။

သူ အလယ်တန်းကျောင်းသားဘဝအရွယ်မှစပြီး အထက်တန်းကျောင်းသားဘဝရောက်သည်အထိ
သူတို့မိသားစုဆက်ဆံရေးကတင်းမာနေဆဲဖြစ်၏။ထို့ကြောင့် ,မိဘများနှင့်မျက်နှာချင်းမဆိုင်ရအောင် အိမ်ကိုမပြန်ဖို့အထိတောင်သူစဥ်းစားခဲ့သည်။

ဒါပေမယ့်,  မိသားစုတစ်ဦးနှင့်တစ်ဦးမျက်နှာချင်း
မဆိုင်မိအောင်နေမယ်ဆိုသည့် သူ့ကလေးအတွေး
ကို သူ့မိဘနှစ်ယောက်ထဲမှ တစ်ဦးဖြစ်သူက လက်
တွေ့အကောင်အထည်ဖော်ပေးလာ၏။ သူ့ မျက်စိ
ရှေ့မှာတင်၊သူ့ဆုတောင်းများကအမှန်တကယ်ဖြစ်
လာခဲ့ချိန်တွင် ကျန်ချန်တုန်လှုပ်သွားခဲ့သည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now