Part 8(unicode)

8.6K 1.5K 52
                                    

Chapter8; ငါတို့နှစ်ယောက်ကြားက ပြဿနာကို အခုပဲ ဖြေရှင်းလိုက်ရအောင်။

ကျန်ချန် မူလတန်းကျောင်းသားအရွယ်မှစ၍
အချိုမစားခဲ့ရခြင်း ဖြစ်သည်။သူ့မိဘများက သူတို့ကိုမုန့်အချို,အချိုရည်နှင့် ချောကလတ်စားခွင့်မပြုခဲ့ချေ။သူ့ဘဝကိုဘုန်းကြီးတစ်ပါးသဖွယ်နေထိုင်သည့်အလျောက် သူကိုယ်တိုင်သည်ယခုအသက်အရွယ်အထိအချိုစားခြင်း

မရှိချေ။ထို့ကြောင့်ဖန်းကျိကအရသာတွေ့စေမယ့်စားစရာတွေကို သူ့အတွက် ယူလာခဲ့ပေးခြင်းဖြစ်သည်။

ကုဖေးသည် လက်တစ်ဆုပ်စာ ချိုချဥ်တွေကို သူရွေးဖို့စားပွဲခုံပေါ်မှာ တင်ပေးထား၏။ ၎င်းသည် သူ့ကိုဆန်းသစ်သောအတွေ့အကြုံသစ်များ ခံစားလာရစေသည်။

ကော်ဖီ၊ နို့ ၊ ပူဒီနာနှင့်သစ်သီး အရသာချိုချဥ်များ၏အရသာနှင့်အချိုသည်မတူညီကြပေ။ ထို့ကြောင့် နို့ချိုချဥ်ကိုမယူခင် သူ အကြာကြီး ရွေးနေမိ၏။

သူ ချိုချဥ် အခွံခွာနေစဥ်တွင် ကုဖေး၏လက်တစ်ဖက်က သူ့စားပွဲပေါ်ရောက်လာပြီး ခုံပေါ်မှာတင်ထားသောချိုချဥ်များကိုပြန်သိမ်းသွားခဲ့သည်။

"Fuck!"
ကျန်ချန်ဆွံ့အသွား၏။သို့သော် သူ့ကို ကုဖေး ပြောခဲ့သည့်"မင်းဘာသာရွေးယူလိုက် "ဆိုတဲ့စကားသည်"အကုန်လုံး မင်းအတွက်" မဟုတ်
မှန်းဆိုလိုသည့်အဓိပ္ပာယ်မှန်း သူ သတိရသွားတယ်။ကျန်ချန် ဘာမှမတတ်နိုင်ပေမဲ့ ကုဖေးကို လှမ်းကြည့်လိုက်မိသည်။

"မင်း ဒီလောက်ကပ်စီးကုတ်လည်း ၊မင်းရဲ့ စီးပွားရေးက ဝမ်ကျန်းလင် ထက် ချမ်းသာသွားမှာလား?။"

[TN Wang Jian Lin က အစားအသောက် အမျိုးမျိုး ရောင်းတဲ့ ကုမ္ပဏီပါ]

ထိုအခါ ကုဖေးသည်လက်ထဲမှချိုချဥ်တွေကို ပြန်ကြည့်ပြီးအိပ်ကပ်ထဲသို့အကုန်ပြန်မထည့်ခင်၊ နို့ချိုချဥ်နှစ်ခုကို ကျန်ချန်ရှေ့သို့ ပြန်တင်ပေးလာသည်။

ကျန်ချန် နို့ချိုချဥ်သုံးခုစလုံးကို တစ်ခါတည်း အခွံခွာပြီး ပါးစပ်ထဲ အပြည့်သွပ်လိုက်တယ်။
သူ့ခံစားချက်များကို စကားလုံးများနှင့်ဖော်ပြမစွမ်းနိုင်ချေ။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now