Part 23(unicode)

6.6K 1.3K 42
                                    

Chapter 23; အခုအဆင်ပြေသွားပြီ။
မကြောက်နဲ့နော်။

ကုဖေးသည်နိုင်ငံရေးဘာသာအတန်းချိန်တွင် လွယ်အိတ်တောင်မယူပဲပြေးထွက်သွားသည်နိုင်ငံရေးဘာသာပြဆရာမက ဒေါသူပုန်ထ၍ ဆရာဆရာမများ နားနေခန်းရောက်သည်နှင့် လောင်ရွှိကိုအော်ဟစ်သောင်းကျန်းတော့၏။
လောင်ရွှိသည်နေ့လည်အတန်းပြီးသည့်အခါ အတန်းထဲသို့ဝင်လာသည်။

လောင်ရွှိကလွယ်အိတ်လွယ်ပြီးအပြင်ထွက်တော့မည့် ကျန်ချန်၏လမ်းကိုပိတ်ထား၏။
"ကျန်ချန်။"

"ကျွန်တော် မသိဘူး။"
လောင်ရွှိက ကုဖေးအကြောင်းမေးတော့မည်မှန်းသိနေ၍ ကျန်ချန် စကားအရင်ဖြတ်ပြောလိုက်တယ်။ကုဖေးဆီမှာဘာကိစ္စရှိလဲဆိုတာသူကိုယ်တိုင်လည်းတကယ်မသိဘူး။

လောင်ရွှိက ပြောလာ၏။
"သူ့မှာ အလောတကြီးပြေးသွားရလောက်တဲ့ အကြောင်းအရင်း ရှိလောက်ပါတယ်။"

ကုဖေးက ဖုန်းခေါ်ဆိုမှုလက်ခံပြောပြီးလျှင်
ပြောပြီးချင်းချက်ချင်းပြေးဆင်းသွားတာကိုကျန်ချန်လည်းသိသည်။သို့သော်သူ့ဖုန်းထဲမှအကြောင်းအရာတွေကို သူ သေချာမကြားခဲ့
ဘူး။လောင်ရွှိကို ထိုအကြောင်းနှင့်ပတ်သတ်
၍ ကျန်ချန် မပြောပြလိုက်ဘူး။ကုဖေးလည်း လောင်ရွှိသိစေချင်မှာမဟုတ်ချေ။ထို့ကြောင့် ကျန်ချန် ပါးစပ်ပိတ်ပြီးနေလိုက်သည်။

သို့ဖြစ်စေကာမူ ကျိုးကျင့်က သေချာပေါက် သူ့အတိုင်းတွေးမည်မဟုတ်ချေ။ လောင်ရွှိက သူ့ကိုမေးဖို့ ခေါင်းလှည့်လိုက်သည်နှင့် သူက ချက်ချင်းထုတ်ပြောလာ၏။
"သူဖုန်းပြောပြီးတာနဲ့ ငါအိမ်ပြန်ရမယ်ဆိုပြီး ပြေးဆင်းသွားတာ။သူ့အိမ်မှာပြသာနာ တစ်
ခုခုဖြစ်တာထင်တယ်။"

"တကယ်?။"
လောင်ရွှိကမျက်မှောင်ကြုတ်လိုက်၏။သူက ထွက်သွားဖို့ပြင်နေသည့်ကျန်ချန်လွယ်အိတ်ကိုနောက်တစ်ကြိမ်ထပ်ဆွဲလာသည်။
"ကျိူးကျင့်တောင်သိတဲ့ကိစ္စကို၊မင်းက မသိဘူးလား?။"

"သူ့မှာ ဘာပြသာနာရှိမှန်းကျွန်တော်မသိဘူး။ လောင်ရွီလည်း အခုမသိဘူး,မဟုတ်လား။"
ကျန်ချန်လွယ်အိတ်ကိုပြန်ဆွဲလိုက်ပြီးအတန်းအပြင်သို့ထွက်လာလိုက်တယ်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now