Part 50(unicode)

8.2K 1.4K 261
                                    

Chapter 50;

ကုဖေးသည်နဂိုပုံနှင့်ကွာခြားမှုမရှိတာကြောင့်
ဒဏ်ရာအများကြီးရလာလိမ့်မယ်လို့ ကျန်ချန်
မထင်ခဲ့ပေ။ ကုဖေးကအနွေးထည်ချွတ်လိုက်
သည့်အခါ၊သူ့ရဲ့ ညာဘက်ခါးနေရာမှာ စုတ်ပြဲ
နေတဲ့တီရှပ်ကြောင့်ကျန်ချန်မျက်မှောင်ကြုတ်
လိုက်၏။
"တီရှပ်ကကစားရင်းပြဲသွားတာလား။"

"အင်း။"
ကုဖေးကအနွေးထည်ကိုဘေးမှာပစ်တင်ပြီး
သူ့ကိုလှည့်ကြည့်လာသည်။
"မင်း ဘာမှမစားရသေးဘူးမလား။"

"ငါ စားချင်စိတ်မရှိဘူး။"

"ငါ နည်းနည်းဗိုက်ဆာနေတယ်။"
ကုဖေးကအိပ်ကပ်ထဲမှဖုန်းထုတ်လိုက်၏။
"ငါ ထမင်းနှစ်ပွဲမှာလိုက်မယ်။ မင်းနည်းနည်း
ဖြစ်ဖြစ်စားမလား။"

"......."

ကုဖေးသည်ဖုန်းကြည့်ရင်းမေးလာ၏။
"အမဲသားငရုပ်မွကြော်လည်းရှိတယ်။မင်း
ဘာနဲ့စားချင်လဲ? ။အမဲအာလူးချက်, ခရမ်း
ချဥ်သီးကြက်ဥမွှေကြော်, ခရမ်းသီးနှပ်......"

ကျန်ချန် သက်ပြင်းချလိုက်သည်။
"ခရမ်းချဉ်သီးကြက်ဥမွှေကြော်။"

ကုဖေးကအစားအသောက်မှာ ပြီးသည့်အခါ
သူ့နောက်မှာရှိနေသည့် နံကပ်ဗီရိုကို ဖွင့်လိုက်ပြီးဆေးသေတ္တာထုတ်၏။သူကလက်မြှောက်
ပြီးတီရှပ်မချွတ်ခင် ကျန်ချန်ကိုချောင်းကြည့်
လာသည်။

"အိုး......ချီးပဲ!။"
သူ့ပခုံးနှင့်ခါးတလျှောက်ဟက်တက်ကွဲနေတဲ့
ဒဏ်ရာနှစ်ခုအားမြင်လျှင်ကျန်ချန်ထိတ်လန့်သွား၏။
"မင်းကိုသေတဲ့အထိရိုက်ဖို့ သူတို့ကိုဘာလို့
ခွင့်မပြုလိုက်တာလဲ?။"

ကုဖေး အခန်းဆီသွားရင်းမှ ရယ်လာသည်။
"ဘယ်သူက ငါ့ကိုအသေရိုက်ရဲမှာလဲ?။"

"မင်း အကူအညီလိုလား။"

ကုဖေးက "ကျေးဇူး။"ဟုပြန်ဖြေလာ၏။

ကျန်ချန် ထိုင်နေရာမှမတ်တပ်ထရပ်ပြီး အော်
လိုက်သည်။
"ဘာကျေးဇူးလဲ။မင်းအကူအညီလိုအပ်လား
မလိုအပ်ဘူးလား။"

ကုဖေးက မျက်နှာငယ်နှင့် သူ့ကိုလှည့်ကြည့်လာ၏။
"လိုတယ်။"

သူ့ကိုယ်ပေါ်တွင်ဒဏ်ရာနှစ်ခုလွဲပြီး ကြီးကြီး
မားမားထိခိုက်တာမရှိပေ။သူ့နောက်မှအခန်း
ငယ်ဆီလိုက်ဝင်လာရင်း သူ့ကိုယ်ပေါ်မှ ဒဏ်
ရာများကို ကျန်ချန် အနီးကပ် စစ်ဆေး လိုက်
သည်။ဒဏ်ရာအနားသတ်များကထိပ်ချွန်တုံး
တဲ့လက်နက်နှင့် ထိုးစိုက်ခံထားရတာကြောင့်
မညီမညာဖြစ်နေကြောင့် သူသတိပြုမိသည်။
ထိုကဲ့သို့လက်နက်ကြောင့်ကုဖေးရဲ့အရေပြား
စုတ်ပြဲသွားတာဖြစ်၏။စဥ်းစားကြည့်ရုံနှင့်
အရမ်းနာကျင်မည်မှန်း သူ သိသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now