Part 56(unicode)

7.9K 1.4K 417
                                    

Chapter 56;

သူတို့သည်ပိုကောင်းသောရုပ်ရှင်ရုံသွားကြည့်ချင်လျှင်မြို့လယ်ခေါင်မှာရှိသည့်စျေးဝယ်စင်တာသို့သွားရလိမ့်မည်ကျန်ချန်ကစျေးဝယ်စင်တာရောက်အောင်လမ်းတလျှောက်လုံးလူတစ်ယောက်ကိုတင်နင်းပြီးစက်ဘီးစီးဖို့လုံးဝ၊လုံးဝ ဆန္ဒမရှိသည့်အရာဖြစ်သည်ထို့ပြင်သွားရမည့် လမ်းမှာဝေးလွန်းသည်။

သို့ပေမယ့်,ယနေ့ကချွင်းချက်ဖြစ်၏။စက်ဘီး
နောက်ခုံမှာထိုင်နေသည့်သူရဲ့နဖူးက သူ့ကျော
ပြင်မှာထိကပ်ထားသည့်အပြင် လက် နှစ်ဖက်
အားသူ့အိပ်ကပ်ထဲမှာထိုးထည့်ထားသည့်တစ်ယောက်သောသူမှာသူ့ကောင်လေး,​ကုဖေးဖြစ်
သည်။မနက်ခင်း ၈ နာရီ မတိုင်ခင်အထိ သူတို့
သည် ဘေးချင်းကပ်ရပ်ထိုင်ခုံဖော်များဖြစ်ပေ
မယ့်၊ယခုတွင်ထိုကောင်လေးကချစ်သူကောင်
လေးဖြစ်လာ၏။ အံသြစရာပဲ။

ကျန်ချန်သည်  'ချိန်းတွေ့သည့်ကိစ္စ'နှင့် ပတ်
သတ်ပြီးစိတ်ကူးယဉ်ခဲ့သေး၏။ ဆယ်ကျော်
သက်လူငယ်တိုင်းထံတွင်စိတ်ကူးယဉ်အချစ်ဇာတ်လမ်းများကိုယ်စီရှိသင့်သည်။

သူ ယွီရှင်းနှင့်အတူရှိခဲ့သည့်အချိန်များတွင်
သူမကိုနားလည်ပေးနိုင်အောင် ခက်ခက်ခဲခဲ
ကြိုးစားခဲ့သော်လည်းသူမရဲ့စိတ်ကူးကိုလုံး
ဝလိုက်မမှီနိုင်ပေ။ထို့ပြင်သူ့ကိုယ်ပိုင်စံသတ်
မှတ်ချက်သည်အရမ်းမြင့်လွန်းသောကြောင့်
သူကိုယ်တိုင်တောင်အံ့အားသင့်ခဲ့သေး၏။

ယခုတွင်သူကရုပ်ရှင်အတူကြည့်ဖို့ရန် ပတ်တီး
အတုများ၊အစစ်များစီးထားတဲ့လူတစ်ယောက်
ကိုစက်ဘီးပေါ် တင်ခေါ်ခဲ့သည်။ ရုတ်ခြည်းပင်
'ချိန်းတွေ့ခြင်း 'သဘောတရားကို သူ နားလည်
သလိုရှိလာသည်။

ထိုကဲ့သို့ဆက်ဆံရေးမှာ သူအမြဲ ကြောက်လန့်
ပြီး ငြင်းဆန်ရှောင်ရှားချင်ခဲ့သည့်ဆက်ဆံရေး
ဖြစ်ခဲ့သော်လည်း၊သူ့နှလုံးသားအောက်ခြေမှာ တစ်သက်လုံးဖုံးကွယ်နေသည့် ကြောက်ရွံစိတ်
စိုးရိမ်သောကအားလုံးက ပျော်ရွှင်မှု၊စိတ်လှုပ်
ရှားမှုများရဲ့ဖိနှိပ်မှုခံလိုက်ရသည်။

ကုဖေးသည် ရုပ်ရှင်သွားကြည့်မယ့်အကြောင်း
အကြုံပြုလာတုန်းကသူတို့ကဘာလို့လူများတဲ့
နေရာဆီသွားသင့်မှန်း သူ နားမလည်နိုင်ခဲ့​ေချ။
သို့ပေမယ့်, လေအေးတဖြူးဖြူးတိုက်နေသော လမ်းမပေါ်တွင် စက်ဘီးနင်းရင်း သူတစ်ခုခုကို နားလည်လာသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now