Part 20(unicode)

7.1K 1.3K 37
                                    

Chapter 20;လှပသောအချစ်က တိတ်တဆိတ် ဝင်ရောက်လာ၏။

ကုဖေးသည်စိတ်အနှောင့်အယှက်ဖြစ်ခြင်းကို
အမှန််တကယ်မုန်းတီး၏။ တစ်ခြားသူ၏ကိစ္စကို ဝင်စွက်ဖက်တာမျိုး လုပ်ရသည်ကိုလည်း
သဘောမကျချေ။ဒါပေမဲ့ သူကနေ့စဥ်ဓူဝဖြစ်နေသောရန်ပွဲများနှင့်နေသားကျသည့်နယ်မြို့မှာကြီးပြင်းလာခဲ့သည်။ရုပ်ရှင်စီးရီးထဲမှာသာ မြင်ရလေ့ရှိသည့်ဇာတ်လမ်းဇာတ်ညွှန်းအမျိုး
မျိုးကို သူ တစ်နေရာတည်းမှာကြည့်ခဲ့ရ၏။

သူ ပျင်းနေသည့်အချိန်များတွင် လမ်းမပေါ်မှ ရန်ပွဲများကို Tv ဖန်သားပြင်ပေါ်မှာပြသသည့် ဇာတ်လမ်းတွဲသဖွယ်သဘောထား၍ ကြည့်ခဲ့
သည်။တင်းကျူးရှင်းအတွက် ဉာဏ်ကွန့်မြူးပြီး ရေးပေးခဲ့သည့်သီချင်းသည် လူတွေဆီမှရလာသောသီချင်းစာသားဖြစ်၏။

လူတွေသည် မျှော်လင့်ချက်မဲ့မှု၊စိတ်ဆင်းရဲမှုများကြားတွင် သူတို့ကိုယ်တိုင်ဘာဖြစ်နေမှန်း မြင်နိုင်,သိနိုင်မှာမဟုတ်ပေမဲ့၊ ဘေးလူတစ်ဦးအနေနှင့် သူ အားလုံးမြင်တွေ့ရသည်။

အကယ်၍ မင်း သူစိတ်ဓာတ်ပြိုလဲနေချိန်ကို တွေ့လျှင် သူကလည်း မင်းမျက်ရည်ကျချိန် ကို မြင်လိမ့်မယ်။

မြေကြီးပေါ်မှာပြိုလဲကျသည်အထိ လူတွေ၏ ဝိုင်းရိုက်ခြင်းခံနေရသည့် လီပေါင်ကော်ကဲ့သို့လူတွေလည်းရှိသည်။ အဓိကဇာတ်ဆောင်ကတစ်ယောက်တည်းရှိပြီး၊ နောက် တစ်ယောက်ပြောင်းသွားတာမျိုးရှိနိုင်သော်လည်း၊ အထွေ
အထူးကိစ္စမဟုတ်ပေ။

သာမာန်အချိန်မျိုးဆို,သူ စက်ဘီးနောက်ခုံပေါ်မှာထိုင်ပြီး ရန်ပွဲကိုကြည့်နေမိလိမ့်မည်။

သို့သော်,လက်ရှိတွင် သူ ထိုင်ကြည့်နေ၍မရပေ။မြေကြီးပေါ်မှာလဲကျသည်အထိ အရိုက်ခံနေရသည့်လူကလီပေါင်ကော်မှန်း ကျန်ချန် မြင်သွားချိန်တွင် သူ့မျက်နှာအမူအရာသည် ရုတ်ချည်း ပြောင်းလဲသွား၏။ စိတ်ရှုပ်ထွေးနေခြင်းလားဆိုတာ ဒါမှမဟုတ်ခေါင်းရှုပ်နေ
ခြင်းလား ကုဖေးလည်း သေချာမသိဘူး။

သူနှင့်ဝမ်ကျိုရစ် ခင်မင် ရင်းနှီးကြသလိုမျိုး ကျန်ချန်နှင့်သူရင်းနှီးခဲ့လျှင်၊သူ ကျန်ချန်ကို အဝေးဆွဲခေါ်သွားမိလိမ့်မည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now