Part 55(zawgyi)

3.6K 396 152
                                    

Chapter 55;

ကုဖေးသည်ကျန်ချန်ကိုပါးစပ်အဟောင်းသား
နှင့်ကြည့်လာ၏။သူ ပြောစရာစကားပျောက်ရှ
သွားသည်အထိ အံ့အားသံ့မှုကိုဖော်ပြဖို့တောင် အတော်ခက်နေပြီဖြစ်ပေမယ့်အဖြေတစ်ခုအာ
းဖြေရလိမ့်မည်။

ကျန်ချန်က သူ့ကိုစဉ်းစားဖို့အခန်းလွတ်လေး
သေးသေးလေးတောင်ချန်ထားခွင့်မပေးဘဲဒီ
အတိုင်းထားပြီးထွက်ပြေးသွားတာယခုနှင့်ဆို ဘယ်နှစ်ကြိမ်ရှိသွားပြီလဲ။

ကျန်ချန်စိတ်မပူအောင် သူသည် ကျန်ချန်ခေါ်
လိုက်တာဖြစ်၏။ သူ့ခြေထောက်ကို လီယန်တို့​​ကျပ်စည်း,စည်းပေးပြီးဆိုင်ထဲမှထွက်သွားတာ
နှင့်တပြိုင်နက်ကျန်ချန်ဆီစာတစ်စောင်ပို့ခဲ့၏၊
ထိုအချိန်က ကျန်ချန် ဘာလုပ်နေမည်မှန်းမသိ
ခဲ့ပေ။သို့သော် သူ သေချာ​သိနေသည့် အချက်
မှာခေါင်မိုးထပ်မှသူလှိမ့်ကျသွားတာ မြင်လျှင်
ကျန်ချန်အရမ်းစိုးရိမ်နေလောက်သည်။ သူက
ကျန်ချန်ကိုရောက်လာစေချင်ခဲ့ပြီး သူ အဆင်
ပြေတဲ့အကြောင်းအား ကျန်ချန်ကိုယ်တိုင်မြင်
စေချင်ခဲ့သည်။

ဒါပေမယ့်, သူ ဘယ်တုန်းကမှမတွေးခဲ့သည့်
မေးခွန်းတစ်ခုကိုကျန်ချန်ကကောက်ကာငင်
ကာမေးလာခဲ့သည်။

စက္ကန့်ပိုင်းမျှဖြစ်သော်လည်းသူ့စိတ်အာရုံသည် အတွေးပေါင်းသောင်းခြောက်ထောင်နှင့် 1300
ကြိမ်လောက် ချာချာလည်သွား၏။

ကျန်ချန်သည်သူ့ကိုထိုမေးခွန်းနှင့်ပတ်သတ်
ပြီးအတည်ပြုနိုင်ဖို့ရန် ရည်ရွယ်ချက် ရှိရှိနှင့် အခွင့်အလမ်းများပေးထားသေးသည်။သူက
*မင်း ငါနဲ့ ရည်းစားဖြစ်ချင်လား * တိုက်ရိုက်
မမေးခဲ့ပေ။ထို့အပြင် သူမေးခွန်းကို ဘယ်လို
ဖြေဖြေ ကျန်ချန်ဆီမှာအမြဲတမ်း လှည့်ကွက်
များရှိနိုင်သည်။

ကျန်ချန်သည်တိကျသေချာတဲ့ အဖြေတစ်ခု
လိုချင်နေမှန်းသူရှင်းရှင်းလင်းလင်းသိနေ၏။
ထိုမေးခွန်းသည်သူ့ကိုများပြားလှသည့်အခွင့်
အလမ်းပေးသယောင်ထင်နိုင်သည်။ သို့​ပေမဲ့
အမှန်တော့ အဖြေကတစ်ခုတည်းရှိသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now