Part 10 (unicode)

8.7K 1.4K 46
                                    

Chapter10; ဒါက သူ့မျိုးရိုးဗီဇမှာရေးထွင်းထားပြီးသား။

"ငလူး, မင်းဘာလို့ ငါ့ကို ဓာတ်ပုံလျှောက်ရိုက်နေတာလဲ။"
ကျန်ချန်ဆဲလိုက်တယ်။သူတို့၏ သူငယ်ချင်း အသေးလေး ကုမြောင်မရှိသည့်အတွက် ၊သူ ယဥ်ကျေးမနေနိုင်တော့ချေ။

ကုဖေးက စကားတစ်ခွန်းမှမပြောဘဲကျန်ချန်
ကို ကင်မရာဖြင့်ချိန်ထားသည်။

ယခုအချိန်တွင် သူ့မျက်နှာကမှုန်ကုပ်ကုပ်ဖြစ်
နေမယ်ဆိုတာ ကျန်ချန် သိတယ်။ ထို့ကြောင့် သူ ကုဖေးဆီသို့လျှောက်သွားပြီး အငိုက်ဖမ်းကာ ကင်မရာကိုဆွဲလုလိုက်သည်။
"ငါ မင်းကို မေးနေတယ်။"

ကုဖေးကကင်မရာကိုကျောနောက်တွင်အမြန် ဝှက်ပြီးပြန်ပြောလာသည်။
"နှစ်ရာခြောက်ဆယ့်ခုနှစ်နှစ် အသက်ရှည်တယ်ဆို။"

"ဘာကိုလဲ?။"
သူ့စကားကို ကျန်ချန် နားမလည်လိုက်တာ
ကြောင့်ပြန်မေးလိုက်တယ်။
" နှစ်ရာ ခြောက်ဆယ့်.....ဘယ်လောက်?။"

"နှစ်ရာခြောက်ဆယ့်ခုနှစ် နှစ်။"
ကုဖေးက နောက်တစ်ခါထပ်ရွတ်ပြလာ၏။

"ဘယ်သူက နှစ်ရာခြောက်ဆယ့်ခုနှစ် နှစ်ထိ အသက်ရှည်တာလဲ?။"

ကုဖေးက ပြန်ဖြေလာသည်။
"ရှောင်မင့်အဖိုး။"

ကျန်ချန် ပြောစရာစကားမဲ့သွားပြီး ကုဖေးကို သုံးစက္ကန့်ခန့် ကြောင်ကြည့်နေမိသည့် အပြင် သူ့ရယ်ချင်စိတ်ကို အတင်း ထိန်းနေရသည်။
နောက်ဆုံးတွင်, သူ ကုဖေးကင်မရာကို လက်ညိုးထိုးလိုက်တယ်။
"ငါ့ကို ကင်မရာပေးမလား?။ကိုယ့်ဘာသာ ကိုယ်ဖျက်မလား။"

ကုဖေးက သူ့ကို ကင်မရာပေးလာသည်။
"ဘာလို့ ဓာတ်ပုံကိုအရင်မကြည့်တာလဲ။?"

ကုဖေး၏ကင်မရာကို ကိုင်ထားချိန် ကျန်ချန်
နည်းနည်း ရင်ထိတ်သွား၏။ ကင်မရာသည် အတော် ဝိတ်များပြီး၊သူ သေချာမထိန်းထား
နိုင်လျှင်မြေကြီးပေါ်သို့ပြုတ်ကျသွားနိုင်၏။ ဒါပေမဲ့,ကင်မရာအခြေမှာရှိနေသည့် ဓာတ်ပုံရိုက်တဲ့ခလုတ်ကိုမြင်ရချိန်တွင် သူ ပိုစိတ်ရှုပ်သွားတယ်။

ဓာတ်ပုံဖျက်ဖို့မပြောနှင့် ဓာတ်ပုံကိုကြည့်ဖို့
ဘယ်နေရာကိုနှိပ်ရမယ်မှန်း သူမသိပေ။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now