Part 32(unicode)

6.7K 1.4K 159
                                    

Chapter 32;

ကုဖေးတို့နေထိုင်သည့်အဆောက်အဦးဟာ
လီပေါင်ကော်နေရာထက် ပိုပြီးသစ်လွင်မှုရှိသည်။အဆောက်အဦးသည် လမ်းကြားထဲ
မှာဆောက်ထားခြင်းဖြစ်သော်ငြား၊ စည်းရိုး အတားအဆီးမရှိသည့်အတွက် အများပြည်သူဆိုင်ရာအိမ်ရာတွေလိုမျိုးမျက်စိပဒေသာဖြစ်စေသည်။

မြို့လယ်ခေါင်ကဲ့သို့ ပြင်းရှသောအနံ့အသက်များနှင့်မွန်းလောင်နေတာမျိုး မရှိသည့်အပြင် ကော်ရစ်တာလမ်းတစ်လျှောက်ရှိနံရံတွေပေါ်မှာလည်း ပင့်ကူချည်မျှင်တွေမရှိပေ။

သို့သော်,အဆောက်အဦးတွင်ဓာတ်လှေကားမပါရှိသည်ကြောင့် တန်ဖိုးနည်း အိမ်ယာတွေနှင့်အတူတူပင်ဖြစ်ကာ အဆောက်အဦးထဲသို့ဝင်ပြီးလျှင်၊အသင်သွားချင်သောနေရာဆီသို့လှေကားနှင့်ခြေချင်တက်ရမှာဖြစ်၏။ငါးလွှာသို့တက်လာပြီးနောက်တွင် ကျန်ချန် ကူကယ်ရာမဲ့သလိုခံစားလာရ၏။
"မင်းက ဘယ်အလွှာမှာ နေတာလဲ?။"

"ထိပ်ဆုံးအထပ်က ခုနှစ်လွှာမှာနေတာ။"
ကုဖေး၏နှုတ်ခမ်းထောင့်များပင့်တက်လာပြီး
သိမ်မွေ့သောအပြုံးဖြင့် သူ့ကိုလှည့်ကြည့်လာသည်။
"ဘာဖြစ်လို့လဲ။ မသွားနိုင်တော့ဘူးလား။
ငါ မင်းကို ကုန်းပိုးပြီးသွားရမှာလား။"

"မင်းလည်း ပိုပြီးသန်မာနေတာမှမဟုတ်တာ။အပြင်မထွက်ခင်ဆီးသွားဖို့အချိန်သုံးမိနစ်ယူသင့်တယ်။မဟုတ်ရင်,မင်းရဲ့ကျောက်ကပ်က ချို့တဲ့နေလောက်ပြီ။"

ကုဖေးကဘာမှမပြောဘဲ သူ့ကိုအချိန်ခဏမျှစိုက်ကြည့်ပြီးနောက်၊အရှေ့ပြန်လှည့်သွားပြီးဆက်လျှောက်နေသည်။

ခုနှစ်လွှာတွင်လူနေအိမ်တိုက်ခန်းလေးခန်းရှိပြီး၊ ကုဖေး၏တိုက်ခန်းက ထောင့်အစွန်းဆုံးဖြစ်သည်။ အိမ်ခန်းတံခါးမ ပွင့်သွားသည်နှင့် ကျန်ချန်သူ့စိတ်သူအရင်ပြင်ဆင်လိုက်တယ်။
ဟိုးနေ့က စတိုးဆိုင်ထဲသို့ အကြမ်းပတမ်းဝင်လာပြီးဝုန်းဒိုင်းကြဲသွားသောကုဖေး၏အမေ
ကို သူ မှတ်မိနေဆဲဖြစ်သည်။

သူအိမ်တံခါးမှဝင်လာချိန်တွင်၊ကုအမေသည် လက်ထဲမှာစီးကရက်တစ်လိပ်ဖြင့်ဧည့်ခန်းထဲမှာမတ်တပ်ရပ်ပြီးဖုန်းပြောနေတာကို သူ တွေ့လိုက်ရသည်။သူတို့ဝင်လာသည့်အခါသူမ၏
အကြည့်တွေကကုဖေး၏ပခုံးမှဖြတ်ကျော်ပြီး ကျန်ချန်၏မျက်နှာဆီသို့ရောက်လာ၏။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now