Chapter 3;
"အိုး......ဒါပဲလေ။ကျေးဇူးတင်ပါတယ်,
ကျေးဇူးတင်ပါတယ်။""ပြိုင်ပွဲဝင်ကျန်ချန်ကခက်ခဲတဲ့နောက်တဆင့်ကို
ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ခက်ခဲတဲ့အဆင့်
ကို သူကျော်ဖြတ်နိုင်မလားဆိုတာ.....ဝိုး......""နည်းပြ X,သူအမှားဖြစ်သွားတယ်လို့ခထင်လား။
ဒါမှမဟုတ် သူကအရည်အသွေး မပြည့်ဝသေးတာလား?။""ငါ့အထင် , သူကအရည်အချင်းတိုးတက်အောင်လေ့ကျင့်နေတာလို့ မြင်တယ်။"
အခန်းသည်တိတ်ဆိတ်ငြိမ်သက်နေသော်ငြား ဖျော်ဖြေမှုထဲမှာဈာန်ဝင်စားနေတဲ့ကျန်ချန်၏
နောက်တီးနောက်တဲ့ စကား အသွားအလာကို
ကုဖေးပြန်ကြားယောင်လာသည်။သူဆိုသည့်လူမှာမတိုးသာမဆုတ်သာအခြေ
အနေမျိုးတွေကို အလွယ်လေးကိုင်တွယ်ဖြေ
ရှင်းနိုင်သည့်လူဖြစ်၏။လက်ရှိတွင် သူသည်
သေဖို့နီးလာသကဲ့သို့ခံစားမိသည်။သူ အရိုက်
ခံရမည့်အလှည့်မရောက်လာစေဖို့ရန်မျှေိာလင့်
ချက်အပြည့်နှင့်သူ့မျက်လုံးများကိုကျယ်ကျယ်
ဖွင့်လိုက်သည်။ကျန်ချန်မှာကိုယ်ပိုင်လေးခွရှိခြင်းသည်ဘယ်သူမှ
မသိသည့်ကိစ္စဖြစ်၏။ထို့ပြင် ,သူ လေးခွပစ်သော
နေရာမှာလူတစ်ယောက်မျှမရှိတဲ့ရေကန်နားဖြစ်၏။ထိုကိစ္စနှင့်ပတ်သက်ပြီးဆင်ခြေပေးခွင့်ပင်
ကုဖေး မရလိုက်ချေ။ကျန်ချန်သည်ယခုထိစကားတစ်ခွန်းမပြောပေ။
သူကနေရာမှာတင်ရပ်ပြီး မျက်နှာသေနှင့်သူ့ကို
စိုက်ကြည့်နေ၏။ကျန်ချန်ရဲ့အထိတ်တလန့်ဖြစ်သွားသည့်အမူအရာပျောက်ကွယ်သွားသည်အခါ သူက စိတ်ခံစားချက်ကင်းမဲ့တဲ့နဂိုပုံပြန်ဖြစ်သွားသည်။ ကျန်ချန်ရဲ့လက်
ရှိစိတ်အခြေအနေကိုကုဖေးမခန့်မှန်းဝံ့ပေ။သို့သော်,နောက်ဆုံးတွင် သူပါးစပ်ဖွင့်လိုက်၏။
"အဲ့ဒါ....အဲ့ဒါက...အဲ့ဒီနေ့က......"ကျန်ချန်ကတိတ်ဆိတ်စွာပင် သူ့ ရှင်းပြမှုကို
စောင့်ဆိုင်းနေ၏။ကုဖေး အသံတိုးတိုးဖြင့်ပြောလိုက်တယ်။
"ငါ မတော်တဆဖြတ်သွားရင်းတွေ့ခဲ့တာပါ။"
YOU ARE READING
ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]
Teen FictionType : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead -Jiang Cheng(ကျန်ချန်) Main Lead -Gu Fei (ကုဖေး) Genre > Drama Romance school life A slice of life^^