Part 4(unicode)

10.9K 1.6K 68
                                    

Chapter 4;သူက သူ့အဖေရင်းကိုသတ်ခဲ့တယ်။

ကုဖေးသည် ဆိုင်ကယ်ကို စတိုးဆိုင်ရှေ့တွင်
ထိုးရပ်လိုက်၏။ကုမြောင်ကစကိတ်ကိုရင်ခွင်
ထဲမှာပိုက်၍ဆိုင်ကယ်နောက်ခုံမှာဝင်ထိုင်ပြီး ကုဖေး၏ခါးကိုဖက်ထားပြီး သူမမျက်နှာကို သူ့ကျောပေါ်မှာ ထိကပ်ထားသည်။

ကုဖေး သူမကို နောက်ပြန်လှည့်ကြည့်ပြီးပြောလိုက်တယ်။
"ငါ့ကို မင်းရဲ့မျက်နှာပြ။ "

ကုမြောင်က သူ့ကို မော့ကြည့်လာ၏။။

ကုဖေး ပြောလိုက်တယ်။
"မျက်ရည်တွေအခုထိရှိသေးတယ်။ပြောင်စင်အောင်သုတ်လိုက်။"

ထိုအခါ ကုမြောင်က မျက်လုံးများကို လက်နှစ်ဖက်ဖြင့်ဖိပွတ်လိုက်သည်။သူမကအင်္ကျီ
လက်ဖျားကိုသုံး၍နှာရည်ကိုသုတ်လိုက်၏။

"Ayyy....,"
ကုဖေး သက်ပြင်းချလိုက်မိတယ်။
"တကယ်လို့ မင်းသာယောကျ်ားလေးဖြစ်ရင်ကြမ်းကြမ်းတမ်းတမ်းအမျိုးထဲပါနိုင်တယ်။"

ကုမြောင်က သူ့ကိုပြုံးပြလာပြီး၊သူ့ကျောပေါ်မှာ နောက်တစ်ကြိမ်မျက်နှာအပ်လာသည်။

ကုဖေးသည် ဆိုင်ကယ်ကိုမြို့လယ်ခေါင်မှာရှိ သည့် စျေးဝယ်စင်တာဆီသို့ဦးတည်၍မောင်းနှင်လာ၏။သူကကုမြောင်အတွက်ကြောင့်နှင့် မြို့လယ်ခေါင်ရှိဆိုင်တစ်ဆိုင်မှာ ဘာဘီကျူးစားဖို့တွေးလိုက်မိတာဖြစ်၏။ဒီကောင်မလေးက တစ်ချို့ကိစ္စများတွင်တဇွတ်ထိုးဆန်တတ်သည့်အကျင့်လေးရှိပေမယ့်၊သူတို့တွေ အပြင်သွားသည့်အချိန်တိုင်း၊သူမကထိုစားသောက်
ဆိုင်မှာသာစားချင်လေ့ရှိသည်။

သေးငယ်တဲ့နယ်မြို့လေးတွင် နေထိုင်ရခြင်း
အဓိကအကျိုးကျေးဇူးသည် မြို့လယ်ခေါင်တစ်ခုတည်းရှိခြင်းဖြစ်သည်။အကယ်၍မင်မြို့ထဲရောက်လျှင်,မင်းလာခဲ့သောနေရာသို့
အချိန်တိုအတွင်းပြန်သွားလို့ရနိုင်သည်။

နေ့လည်ခင်းအချိန်ဖြစ်၍, သူတို့လာနေကြ စားသောက်ဆိုင်သည် လူစည်ကားလျှက်ရှိသည်။သူတို့ရောက်ချိန်တွင် ဆိုင်အတွင်းမှာ စားပွဲဝိုင်းအလွတ်တောင်မရှိတော့ချေ။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now