Part15(unicode)

7.9K 1.4K 123
                                    

Chapter 15; ငိုတာ အဓိပ္ပါယ်မရှိဘူးလို့ သူ အမြဲနားလည်ခဲ့သော်လည်း ။

ပုံသေစည်းမျဥ်းအတိုင်း သင်က မီးနီတွေ့ချိန်တိုင်း အပြေးအလွှားကူးတတ်သည့်အကျင့်ရှိလျှင်၊မီးနီကိုတွေ့တိုင်းအပြေးအလွှားကူးစမြဲ
ဖြစ်သည်။အရှိန် အနှေး၊အမြန် ကွာခြားသွားသော်လည်း မီးနီတွေ့ချိန်တိုင်း အပြေးအလွှား
ဖြတ်ကူးနေမိမည်ဖြစ်သည်။

ထို့ကြောင့် တူညီသည့် သဘောတရားအပေါ် အခြေခံကြည့်လျှင်၊ သင် တစ်စုံတစ်ယောက်ရှေ့မှာ တစ်ကြိမ်အရှက်ကွဲဖူးလျှင်၊သင် မည်မျှဂရုစိုက်စေကာမူအရှက်ရစရာချည်းကြုံရလေ့ရှိသည်။ထိုအချိန်များတွင် သင်ကကိုယ့်မျက်နှာကိုယ်ပိုင်တော့မည်မဟုတ်ချေ။

အခုပဲကြည့်,လွန်ခဲ့တဲ့ငါးမိနစ်တုန်းက ကုဖေး
သည် သူ့အမေကို လက်ညိုးငေါက်ငေါက်ထိုးပြီးရိုက်တော့မည့်ပုံပေါက်နေပေမယ့် ၊နောက်ငါးမိနစ်အတွင်း လူသွားလမ်း ပလက်ဖောင်း မှာပေါ်လာ၏။ဘုရားသခင်ကျေးဇူးနှင့်သူက
ကုဖေး ရှေ့မှာ အရှက်ထပ်ကွဲရတော့မည်။

ကျန်ချန်တစ်ယောက် လေပေါ်ပျံဝဲနေရင်းနှင့် လူ့ဦးနှောက်ကတစ်စက္ကန့်အတွင်းမျက်လှည့်
ပြလိုက်သလိုမျိုးအရေးကြီးသည့်အကြောင်း
အရင်းတွေကိုစဥ်းစားမိလိုက်၏။

ဥပမာအားဖြင့်,ယခုလောလောဆယ် ကုဖေးစိတ်အခြေအနေမကောင်းမှန်းသူသိနေသည်သူ့စိတ်ထဲမှာပြေးလွှားနေသောအတွေးပေါင်းသောင်းခြောက်ထောင်ကို မျက်နှာမှာအတိုင်း
သား မြင်ရ၏။ ကုဖေးပုံစံသည် အချိန်မရွေးပေါက်ကွဲသွားတော့မည့်ပုံပေါ်၏။အကယ်၍ သူက လမ်းထောင့်ဆီမှ အရှိန်နှင့်လွင့်လာပြီး ကုဖေးကိုဝင်တိုက်မိလျှင်၊ကုဖေးက စိတ်ဆိုးမာန်ဆိုးဖြစ်လာတော့မှာ သူကြိုသိနေသည်။

မတော်တဆတိုက်မိခြင်းကိုပြောင်းလဲနိုင်စွမ်းမရှိမှန်းသူသိတယ်။ဝင်တိုက်မိသည့် အရှိန်က ပြင်းထန်နိုင်သည့််အတွက် ကုဖေး လဲကျသွားနိုင်၏။ပြီးတော့ သူ့လက်နှစ်ဖက်ကိုဘယ်ညာ
ဆန့်ထားသင့်မှန်း ကျန်ချန်သိတယ်။လက်နှစ်ဖက်ကိုတစ်စုတစ်တည်းပူးထားလျှင် မြေကြီးနှင့်ရိုက်မိသည့်အခါ အနာတရဖြစ်နိုင်သည်။ ထို့ကြောင့် သူ လက်နှစ်ဖက်ကိုဘယ်ညာဆန့်
လိုက်တယ်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now