Part 16(unicode)

7.8K 1.3K 47
                                    

Chapter 16;သူမက မင်းကြိုက်သမျှအရာတိုင်းကို ကြိုက်နေဆဲပဲ။

ကျောင်းဂိတ်သို့ကုဖေးနှင့်ရှေ့ဆင့်နောက်ဆင့်လျှောက်လာနေစဥ်၊ 'ငါက  ကုမြောင်အတွက်လုပ်ပေးတာ၊ မင်းကြောင့် မဟုတ်ဘူး..။'ဟူ၍
ကျန်ချန်ပြောချင်နေသည်။ဒါပေမယ့်, ကုဖေးက သူ့ကို တစ်ချက်လေးမျှ လှည့်မကြည့်လာ
၍ သူ့မှာ စကားပြောဖို့အခွင့်မရလိုက်ချေ။

သူတို့နှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ရပ်ချိန်တွင်လည်းစကားပြောခွင့်မကြုံလိုက်ပေ။ ကုမြောင်က သူမ၏စကိတ်ကိုလက်မောင်းကြား
မှာညှပ်ထားခဲ့ပြီး လူသွားလမ်း ပလက်ဖောင်းလက်တန်းပေါ်မှာခြေထောက်နှစ်ဖက်လွဲယမ်း
၍ထိုင်နေသည်။သူမသည် သူတို့ကိုမြင်သော်လက်တန်းပေါ်မှခုန်ဆင်းလာပြီး စကိတ်ဘုတ်ကို သူမရှေ့မှာ ချလိုက်သည်။ထို့နောက် သူမက ပုံမှန် အရှိန်နှုန်းနှင့်စကိတ်စီးလာပြီး သူတို့ရှေ့သို့မရောက်ခင် သူ့လက်က ကုဖေးရဲ့အိပ်ကပ်ထဲမှ ချိုချဥ်များကိုအရင် နှိုက်လာ၏။

ချိုချဥ်များအနက် သစ်သီးအရသာချိုချဥ်ကိုနှိုက်ယူသွားသည့် ကုမြောင်ကို သူ ကြည့်နေမိ
သည်။ကုမြောင်က ချိုချဥ်တစ်လုံး အခွံခွာပြီးပါးစပ်ထဲသွပ်လိုက်၏။ သူမက လူသွားလမ်းပလက်ဖောင်းအဆုံးထောင့်ချိုးသို့ စကိတ်စီးသွားသည်။ သူမက တစ်ခြားလူတွေနှင့် ဝင်မတိုက်အောင်သေချာစဥ်းစားပြီးမှ ထိုသို့လုပ်ပုံရသည်။

ကျန်ချန် သူမကိုရပ်ပြီးကြည့်နေလိုက်တယ်။
ကုမြောင်ဆီမှာ ထိပ်တန်းအရည်အသွေးတွေရှိသော်ငြားလည်း သူမသည် ယခုမှမူလတန်းကျောင်းသူအရွယ်သာရှိ၏။ထို့ပြင်ကုဖေးက သူမရှိရာအရပ်သို့တစ်ချက်မျှလှည့်မကြည့်ပဲနှင့် သူ့စက်ဘီးထားသည့်နေရာသို့ ဆက်သွားနေသည်။

ကုမြောင်က စက်ဘီးအရှိန်လျော့ပြီး ကျန်ချန်
ကိုနောက်ပြန်လှည်ကြည့်မလာခင်အထိ သူမက ရှေ့မှဦးဆောင်၍ စကိတ်စီးနေခဲ့သည်။

ကျန်ချန် သူမကို လိုက်မှီဖို့ရန်အတွက် လမ်းမြန်မြန်လျှောက်လိုက်တယ်။
"ဘာလဲ..?။"

ကုမြောင်ကစကိတ်ပေါ်မှဆင်းပြီး ဘေးသို့ ရွေ့ပေးလာသည်။

'မနေ့က မင်းအကိုနှင့် ရန်ဖြစ်တုန်းက ရခဲ့တဲ့
ဒဏ်ရာတွေ ငါ့ဆီမှာကျန်နေတုန်းပဲ' ဆိုသည့် အကြောင်းကို ကျန်ချန် သူမကိုပြောပြချင်၏
ဒါပေမဲ့ ကုမြောင်က ဝိုင်းစက်တောက်ပနေတဲ့မျက်ဝန်းဝိုင်းများဖြင့် မော့ပြီးကြည့်လာသည့်အခါ ကျန်ချန် သူမကိုစိတ်ပျက်အောင်မလုပ်
ရက်တော့ပေ။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now