Part 46(zawgyi)

3.1K 362 64
                                    

Chapter 46;

ကုဖေးသည်သူနှင့် အကွာအဝေးတစ်ခုခြားပြီး စက်ဘီးစီးလျှက်ရှိသည်၊ကုဖေးမှာ အလိုက်သိ
ပြီးမြင့်မား​သောEQကြောင့်သူများရဲ့ကိုယ်ရေး
ကိုယ်တာကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း
မရှိမှန်း ကျန်ချန်သတိပြုမိသည်။

သူသည်Maskအား​ပြန်ဆွဲတင်လိုက်သည့်တိုင်မျက်လုံးထောင့်မှမျက်ရည်များ လှိမ့်ဆင်းလာ
၏။

သူတို့နေရာနှင့်ကုဖေးရဲ့ဆိုင်သို့သွားရမည့်အကွာအဝေးကသိပ်မဝေးချေ။စက်ဘီးနှင့်သွားလျှင်
ဆယ်မိနစ်မျှကြာသည်။သူသည်စက်ဘီးအားဖြည်းဖြည်းနင်းပြီးတော့ကုဖေးရဲ့နောက်မှလိုက်
လာသည့်လမ်းတလျှောက်မျက်ရည်များထပ်ကျ
လာသည်။

သူကိုယ်တိုင်ပင်ဘာကြောင့် ရုတ်တရက်
မျက်ရည်ကျ​နေမှန်းမသိပေ။ သူ့ကိုယ်သူမျက်ရည်လွယ်သူလို့လည်းမထင်ပေ။သူ့
ကိုမျက်ရည်ကျစေသည့်လည်းကိစ္စမရှိခဲ့
ပေ။ယခုသူ့မှာအိမ်မရှိသကဲ့သို့မိဘလည်း
မရှိ​ပေ။ထိုသို့စဉ်းစားပြီးနေခဲ့တာရက်ပိုင်း
ရှိပြီဖြစ်၏။သူက မွေးစားထားတဲ့ကလေးဖြစ်ကြောင်းပြောခဲ့သည့်နေ့တည်းကသူ့မှာ
မိသားစု၊အိမ်ဘယ်အခါမှရှိတော့မှာမဟုတ်
မှန်းသူနားလည်ပြီးသားဖြစ်၏။

ဤမြို့သို့​​ရောက်လာသည့်အချိန်မှစ၍သူတစ်
ယောက်တည်းဆိုသည့်ခံစားချက်များ တစ်နေ့
ထက်တစ်နေ့ထင်ရှားလာခဲ့သည်။

ဘာကြောင့် သူ့ကိုယ်သူမိဘမဲ့ဖြစ်ပါကြောင်း
ပြောပြီးနောက် မျက်ရည်ကျရတာလဲ???

ဟုတ်သည်..လူဆိုသည်မှာနေမကောင်းဖြစ်တဲ့
အချိန်များတွင် အားနည်းပြီး စိတ်ထိခိုက်လွယ်
ဲကြသည်။

သူတို့လမ်းထိပ်ကျော်လာချိန်တွင် သူ့မျက်ရည်များခြောက်သွားပေမယ့်၊မျက်လုံးများကနည်းနည်းနီစွေးပြီးဖောင်းနေသေး၏။

ကုဖေးရဲ့ဆိုင်တံခါးရှေ့ယာဉ်ရပ်သည့်နေရာတွင်စက်ဘီးများရပ်ပြီးနောက် ကုဖေးက သူ့အားလှည့်ကြည့်လာပြီးခြောက်ခြားဖွယ် မြင်
ကွင်းကိုကြုံတွေ့လိုက်ရသကဲ့သို့"အားရိုး!"ဆိုပြီး အာမေဋိတ်ပြုလာ၏။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now