Part5 (unicode)

10.6K 1.5K 30
                                    

Chapter 5;ကျန်ချန်တစ်ယောက်ထိတ်လန့်မှုကြောင့် သူ့မေးရိုးအဆစ်လွဲလုနီးနီးပင်။

ဖန်းကျိဖုန်းဆက်လာချိန်တွင် ကျန်ချန်သည် အိပ်ပျော်နေဆဲရှိ၏။ ဘေးမှာတင်ထားသည့် သူ့ဖုန်း၏မနားစတမ်းအသံမြည်နေမှုကြောင့် ကျန်ချန်အိပ်ချင်မူးတူးအသံနှင့်ဖုန်းဖြေလိုက်တယ်။
"ဟယ်လို...,"

ဖန်းကျိက ဖုန်းတစ်ဖက်မှပြောလာသည်။
"Fuck,ဒီလိုဖြစ်မယ်ဆိုတာ ငါသိတယ်။ အခု
ဘယ်အချိန်ရှိပြီလဲဆိုတာ မျက်လုံး ဖွင့်ကြည့်လိုက်ပါဦး။"

ကျန်ချန် အိပ်ချင်မူးတူးနှင့် ဖုန်းထဲမှနာရီကိုကြည့်ပေမယ့်ရှင်းရှင်းလင်းလင်းမမြင်ရပေ။
"လေးနာရီထိုးပြီလား?။"

"သုံးနာရီခွဲနေပြီ။ မင်းဒီလိုဖြစ်မယ်ဆိုတာ
သိလို့ ငါကြိုပြီးဖုန်းဆက်လိုက်တာ။"

"အဲ့အချိန်ရှိပြီလား။"
ကျန်ချန် အိပ်ရာပေါ်မှ ထထိုင်လိုက်တယ်။
"ငါ ခဏနေထွက်ခဲ့မယ်။မင်းကို ဘူတာရုံပေါက်မှာစောင့်နေမယ်။"

"ဘယ််အပေါက်လဲ?။"

"ဒီမြို့မှာကထွက်ပေါက်တစ်ခုပဲရှိတယ်။"
ညစ်ပေပြီးမှုန်ဝါးနေသည့်ပြတင်းပေါက်မှန်ကနေတစ်ဆင့်အပြင်ကိုလှမ်းကြည့်လိုက်မိ
သည့်အခါ ရာသီဥတုကသာယာနေသည်ကို
ကျန်ချန် မြင်လိုက်ရသည်။
"ငါ ဖုန်းချလိုက်တော့မယ်။"

ကျန်ချန်တစ်ယောက် အဝတ်အစား တွေကို ဝတ်ပြီးအိပ်ခန်းထဲမှထွက်လာခဲ့လိုက်သည်။ သူ မနေ့နေလည်တည်းက ယခုအချိန်ထိတိုင် အောင်အိပ်ပျော်သွားခြင်းကြောင့်သူ့အိပ်ချိန်ကိုတွက်ကြည့်လျှင်၊ တစ်နေ့လုံးနီးနီး ရှိနေပြီ ဖြစ်သည်။ထို့ကြောင့် သူလမ်းလျှောက်သည့်အခါ သူ့ကိုယ်သူလေပေါ်ပျံနေသလိုခံစားနေရ၏။

လီပေါင်ကော်သည်အိမ်မှာမရှိနေချေ။ ထိုလူ ဘယ်ထွက်သွားမှန်း သူလည်းမသိဘူး။ယခုလက်ရှိ သူနေနေရသည့်အိမ်ဟာ သူ့အတွက် စိမ်းသက်လွန်းနေသည်ဟု ကျန်ချန်ခံစားနေရသည်။ သူ့အမေက သူ့ကို မွေးစားထားတာပြန်ရုတ်သိမ်းသွားချိန်တွင် သူ လီပေါင်ကော်
တွေ့ချင်ခဲ့တောင်မဟုတ်ဘူး။ ဒါပေမဲ့, သူက
ဒီမြို့သို့ရောက်လာခဲ့ရ၏။လီပေါင်ကော်က  သူ့ကို အနှောင့်အယှက်ပေးတာမျိုးတော့မရှိ
ပေ။အရင်တစ်ခါကသူပြောခဲ့ဖူးသလိုထိုသူက သူ့သားပြန်လာမှာကို မျှော်လင့်ထားပုံရသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now