Part 7(unicode)

8.8K 1.5K 28
                                    

Chapter7; စားပွဲခုံကိုထပ်မတိုက်နဲ့။

ယင်းဖြစ်ရပ်ကြောင့် ကုဖေး၏မျက်ခုံးအစုံက ပင့်တက်သွားပြီး နားမှာတပ်ထားတဲ့ နားကြပ်ကိုဖြုတ်၍ ကျန်ချန်ကိုကြည့်လိုက်သည်။

ဤတစ်ယောက်သည်ရုပ်ချောပေမဲ့ဆက်ဆံဖို့ခက်ခဲသည့်သူမျိုးဖြစ်၏။သူက ယခုချိန်တွင်လူသစ်တစ်ယောက်ဖြစ်နေသေးသည့်အပြင်၊ မရင်းနှီးသေးတဲ့ပတ်ဝန်းကျင်၌၊သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်းနေသင့်သည်။

သူ့ရှေ့မှာထိုင်သည့်လူကို ကုဖေးလှမ်းကြည့်လိုက်တယ်။ကျိုးကျင့်တစ်ယောက်ပါးစပ်အ
ဟောင်းသားနှင့် ရှော့ခ်ရနေပုံရသည်။အစောပိုင်းတုန်းက ကြက်ဥကို သူမစားမိလိုက်လျှင် ထိုပွင့်အာနေတဲ့ ပါးစပ်ပေါက်ထဲသို့ပစ်ထည့်
မိလောက်၏။

ဘာပဲဖြစ်ဖြစ်,ကျန်ချန်၏ ထိုကန်ချက်သည် တစ်စုံတစ်ယောက်ကိုရန်စလိုက်ခြင်းဖြစ်၏။ကျိုးကျင့်သည်ဆိုးဝါးလှသည့်အကျင့်စရိုက်များနှင့်ပျက်စီးတဲ့ ကျောင်းသားတစ်ယောက် ဖြစ်နေသည့်အတွက်ကြောင့် မကောင်းသောနည်းလမ်းများကို အလွယ်တကူအသုံးချလာနိုင်သည်။သူ့အကြည့်များကိုညာဘက်သို့ရွေ့လိုက်သည့်အခါ အခြေအနေများက ရန်ပွဲဖြစ်တော့မည့်အလားပင်။

လောင်ရွှိက စာသင်ခုံကိုပုတ်လာသည်။
"ဘာဖြစ်တာလဲ?။ နောက်တန်းမှာ ဘာဖြစ်နေကြတာလဲ?။စာသင်ခန်းထဲမှာနော်,စာသင်ခန်းထဲရောက်နေတာ။ကုဖေး,မင်းဘာလုပ်ပြန်ပြီလဲ။"

ကုဖေး အံ့အားသင့်သွားသည့်အမူအရာ နှင့်သူ့ကိုယ်သူလက်ညိုးထိုးပြလိုက်မိသည်။
" ကျွန်တော်?။"

လောင်ရွှိ ထပ်ဆူငေါက်လာ၏။
"မင်း မဟုတ်ရင် ဘယ်သူလဲ?။အရမ်းပျင်းနေရင်လည်း မင်းသာသာမင်း မနက်စာစားနေ။"

ဘေးပတ်ပတ်လည်စားပွဲခုံတွေဆီမှ ကျောင်း
သားများ၏ရယ်သံများထွက်လာသည့်အခါ၊ကုဖေးကူကယ်ရာမဲ့စွာပင် ရယ်လိုက်မိတယ်။ထို့နောက် သူခေါင်းစောင်း၍ကျန်ချန်ကိုလှမ်း
ကြည့်လိုက်တယ်။

ထိုအခါ လောင်ရွှိက ပြောလာပြန်သည်။
"မင်း သူ့ကို ဘာသွားကြည့်တာလဲ။သူ့အဆင့်တွေနဲ့တင် မင်းတို့အားလုံးကို နောက်ကောက်ချန်ထားခဲ့လို့ရတယ်။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now