Part 63(unicode)

7.4K 1.3K 314
                                    


Chapter 63;

‌ညစ်ညမ်းနေသည့်အတွေးများဆိုသည်မှာတစ်
ကြိမ်စတင်လိုက်ရုံနှင့် သနားစရာခွေးလေးများ
အစာအတွက်လုံးထွေးသတ်ပုတ်ကိုက်ဖဲ့နေကြ
သလိုမျိုးရပ်တန့်မရတော့ပေ၊ခွေးလေးများက
အစာနှင့်အစာခွက်နှစ်ခုလုံးကိုက်ဖဲ့သောကြောင့် ကုန်စင်သွားသည့်တိုင်အောင် အဆုံးမသတ်နိုင်သကဲ့သို့ပင်။

ယခုတွင်, သူက အစာနှင့် အကြွင်းအကျန်
အစာခွက်ကို ရရှိဖို့ဘယ်လိုမှမဖြစ်နိုင်ချေ။

သူ့မျက်လုံးများက အချိန်အတန်ကြာအောင်
ကုဖေးကိုစူးစိုက်ကြည့်နေခဲ့မိပြီးအဆုံးသတ်
တွင်သူ့ရဲ့ကျောအောက်နားကိုခပ်ဆတ်ဆတ်
လေးတစ်ချက်ရိုက်လိုက်လျှင် သူ စိတ် သက်
တောင့်သက်သာရတော့မလိုမျိုးခံစားရသည် ထို့နောက် သူ ကုဖေးရဲ့အားကစားဘောင်းဘီ
မျော့ကြိုးကိုဆွဲချွတ်ပြီး၊ကုဖေးရဲ့တင်ပါးလုံး
လုံးကိုလက်ညိုးနှင့်လက်မသုံးကာဆွဲဆိတ်
လိုက်၏။

"ဟေး,"
ကုဖေးက အလန့်တကြားနှင့် ထခုန်ကာ သူ့ကို
လှည့်ကြည့်လာသည်။
"မင်း ဘာလုပ်တာလဲ ?။"

"တင်ပါးကို ရိုက်ပြီး ဆုံးမတာ။"
ကျန်ချန် သူ့ဘောင်းဘီကိုပြန်ဆွဲတင်လိုက်တယ်။

ကုဖေးကရယ်မောလာသည်။
"တစ်ခန်းလုံး  ငယ်ရွယ်တဲ့ ဖြူစင်မှုနဲ့ ပြည့်
နေတာ။မင်းရဲ့လှုပ်ရှားမှုကိုသတိထားသင့်တယ်။"

"ငါ တစ်ခုခုလုပ်ခဲ့တာမှ မဟုတ်တာ။"
ကျန်ချန် ထိုင်ခုံကို ကျောမှီလိုက်၏။
"အပျော်သဘောဆွဲဆိတ်တာက ငယ်ရွယ်တဲ့
ဖြူစင်မှုကိုမထိခိုက်ဘူး။"

ကုဖေးကသူ့ကိုခဏစိုက်ကြည့်ပြီးနောက်တွင် မျက်လုံးမှေးကျဥ်းပြီးရယ်သဲ့သဲ့ပြုံးလာ၏။
"မင်း မကောင်းတဲ့ အတွေး တွေးနေတာ
မလား?။"

ကျန်ချန် သူ့ကို မျက်လုံးမှေးကျဥ်းပြီး
ပြန်ကြည့်လိုက်တယ်။
"ဘယ်လို မကောင်းတဲ့အတွေးလဲ?။"

ကုဖေးကသူ့မေးခွန်းကိုမပြန်ဖြေပေ။ထိုအစား
သူကအနောက်လှည့်လာပြီးကုလားထိုင်ကျော
မှီပေါ်မှာလက်မောင်းကိုတင်၍ကျန်ချန်ကို စိုက်
ကြည့်ပြီး တဟားဟားရယ်မောလာသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now