Part 35(unicode)

7.1K 1.2K 75
                                    

Chapter 35;

မနက်ခင်းအစောရှိသေးသော်လည်းဝမ်ရွှိတို့ စားသောက်ဆိုင်ကအမြဲလူစည်းကားနေလေ့ရှိသည်။မနက်စာအတွက်အစာသွပ်ပေါင်မုန့် တစ်ခုနှစ်ခုရလိုက်ရုံနှင့်ပင် စိတ်ကျေနပ်စရာ ကောင်းနေပြီဖြစ်၏။သူတို့ဆိုင်ထဲသို့ရောက်သွားသည့်အခါ ထိုင်စရာနေရာပင် မရှိတော့ချေ။နောက်ဆုံးတွင်,ဝမ်ရွှိတို့မိသားစုထမင်းလက်ဆုံ စားနေကြ အခန်းမှာသာ ထိုင်လိုက်ကြသည်။

ဝမ်ရွှိကအစာသွပ်ပေါင်မုန့်ခြင်းနှစ်ခြင်းနှင့်
သိုးသားစွတ်ပြုတ်ပန်ကန်းချပေးပြီးတော့စကားပြောလာ၏။
"မနက်ခင်းဆို ဆိတ်သားအစာသွပ်ပေါင်မုန့် မရသေးဘူး။ ဆိတ်သားအစာသွပ် ပေါင်မုန့်ကနေ့လည်မှလုပ်တာ။မင်းတို့နှစ်ယောက်က ဒီမနက်မှ အတူထွက်လာကြတာလား။"

ဝမ်ရွှိမေးခွန်းကိုကြားလျှင် ကျန်ချန် မလုံမလဲဖြစ်သွား၏။ သူ အစာသွပ် ပေါင်မုန့်ကို ယူပြီးအလုတ်ကြီးကြီးတစ်ကိုက်ကိုက်၍တိတ်တိတ်
နေဖို့ရွေးချယ်လိုက်သည်။

ကုဖေးက "အင်း "ဟုဖြေလိုက်၏။

"အာ, မင်း ဒီနေ့အစောကြီး နိုးတာလား။"
ဝမ်ရွှိက ပေါင်မုန့်ခြင်းသေးသေးလေးကို
ကုမြောင်ရှေ့သို့တွန်းပေးလိုက်သည်။
"မင်းက အမြဲတမ်းနောက်ကျမှအိပ်ယာထနေကြမဟုတ်လား။မြောင်မြောင်........ဒီနေ့တော့ဆိတ်သားအစာသွပ်ပေါင်မုန့်ကမရသေးဘူး။ တခြားအရသာစမ်းပြီးစားကြည့်။"

"မြောင်မြောင်က ဘာလဲ။အထူးအဆန်းတွေ
မလုပ်စမ်းနဲ့,အိုကေ။"

"အထူးအဆန်းဖြစ်လို့လား။"
ဝမ်ရွှိကစားပွဲဝိုင်းမှာထိုင်ပြီး အစားစားရင်း ပြန်ပြောလာ၏။
"သူက  အခုမှ ငယ်ငယ်လေးပဲ ရှိသေးတယ်။
လှတယ်ချစ်စရာကောင်းတယ်။ဒါပေမဲ့ ,မင်း သူ့ကို ဘယ်လိုလုပ်ပေးထားလဲ ကြည့်လိုက်။ သူ့ကို ယောကျာ်းလေးအဝတ်တွေပဲဝယ်ပေးတယ်။ငါ သူ ဂါဝန် ဝတ်တာ တစ်ခါမှတောင်
မမြင်ဖူးဘူး။"

"သူက စကိတ်စီးရတာကြိုက်တာ။ ဘယ်လိုလုပ်ဂါဝန်ဝတ်မှာလဲ။ငါတို့ သူ့ကိုဝတ်စေချင်ရင်တောင်၊သူဝတ်ချင်မှာမဟုတ်ဘူး။"

"Ayy.y......"
ဝမ်ရွှိကသက်ပြင်းချပြီး ပေါင်မုန့်ကိုက်လိုက်သည်။ထို့နောက် သူကဖုန်းထုတ်လာပြီး၊ဖုန်း
မျက်နှာပြင်ထက်တွင် လက်ချောင်းများပြေး
လွှားနေပြီးနောက် ကလစ်အသံမြည်လာ၏။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now