Part 51(unicode)

8K 1.3K 257
                                    


Chapter 51;

လူနှစ်ယောက်သည်ဆိုင်ထဲမှာ တိတ်ဆိတ်စွာ
ထိုင်နေလျှက်ရှိ၏။ ကုဖေးသည် ဘာစဥ်းစား
နေမှန်းကျန်ချန်မပြောနိုင်ပေမယ့်သေချာတာ
တစ်ခုမှာထိုသူကစဥ်းစားနေတာမဟုတ်ပဲ၊သူ့
စကားကြောင့်မှင်သက်သွားတာဖြစ်နိုင်သည်။ထို့အတူ,သူ့စိတ်သည်အလွန်လှုပ်ရှားနေ၏။

အချိိန်အားဖြင့်ညကိုးနာရီကျော်လာသောအခါ
ကုဖေးကမတ်တပ်ထရပ်သည်။
"သွားရအောင်။ငါ မင်းကို အိမ်ပြန်လိုက်ပို့ဖို့
လိုအပ်လား?။ "

"အိုး,"
ကျန်ချန်လည်းမတ်တပ်ရပ်လိုက်၏။
"ငါ့ကိုပြန်လိုက်ပို့မယ်?။မင်းက ငါ့ကိုဘာလို့
ပြန်လိုက်ပို့ဖို့ လိုအပ်မှာလဲ?။"

"အာ, မင်းလမ်းပျောက်နေမှာဆိုးလို့။"

"ဖာ့ခ်!"
ကျန်ချန်အသံထွက်ရယ်လိုက်၏။
"ငါ အခုမျက်လုံးမှိတ်ပြီးတောင် အိမ်ပြန်
တတ်တယ်။"

ကုဖေးသည်အနွေးအင်္ကျီကိုဝတ်၏။
"အိုး,ဟုတ်လား?။မင်းကအရမ်း အံ့သြစရာ
ကောင်းတာပဲ။"

"ငါကအမြဲအံ့သြစရာကောင်းတယ်။"
ကျန်ချန် သူ့နောက်မှလိုက်ပြီးဆိုင်အပြင်သို့
ထွက်လာခဲ့သည်။

ကုဖေးရဲ့အိမ်ကသူ့ငှားထားသည့်အဆောက်
အဦးနှင့်တစ်လမ်းတည်းဖြစ်၏။ သူတို့သည်
လမ်းဆုံကိုဖြတ်လာပြီးလျှင်ကုဖေးရဲ့အိမ်ကို
အရင်ရောက်မှာဖြစ်ပြီးသူကနည်းနည်းဆက်
သွားရမည်ဖြစ်သည်။

သူတို့နှစ်​ယောက်သည် လမ်းတစ်လျှောက်လုံးတိတ်ဆိတ်စွာစက်ဘီးနင်းခဲ့သည်။ကျန်ချန်ကအကြောင်းတစ်ခုခုပြောချင်​သည့်တိုင်ဘယ်က
စပြောရမှန်းမသိတာကြောင့်သူ့ရှေ့တည့်တည့်
မှလမ်းကိုအားစိုက်ကြည့်​ေန၏။

လမ်းဆုံကျော်လာပြီးနောက်ကုဖေးရဲ့အိမ်နား
သို့ရောက်သည့်တိုင်အောင် ကုဖေးကစက်ဘီး
မကွေ့သွားချေ။ယခုအချိန်ကထိုသို့ထုတ်မေး
ရမည့်အချိန်မဟုတ်မှန်း ကျန်ချန်နားလည်၏။
သူငှားနေသည့်တိုက်ရှေ့မရောက်ခင် စက်ဘီး
အားမရပ်ခဲ့ချေ။

ကျန်ချန်မေးလိုက်တယ်။
"မင်း မနက်ဖြန်ကျောင်းလာမှာမလား?။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now