Part 49(unicode)

6.4K 1.2K 199
                                    

Chapter 49;

ကျန်းဘင်းက လက်နှစ်ဖက်အားပိုက်ပြီးဘေး
စည်းမှာရပ်နေ၏။ကုဖေးနှင့်တခြားသူများက
ကွင်းထဲမှာနေရာယူပြီးသော်လည်းကျန်းဘင်း
ကကွင်းထဲဝင်ဖို့အစီအစဥ်မရှိပေ။

လျိုဖန်းက ပြောလိုက်၏။
"ခွေးသူတောင်းစားက ကျန်ချန်ကိုစောင့်နေမှန်းသိသာတယ်။"

ကုဖေးလည်းကျန်းဘင်းကိုကြည့်လိုက်သည်။
ကျန်းဘင်းကမလှုပ်ရှားပဲနေရာမှာတင် အမြစ်
တွယ်နေ၏။
"ငါတို့ကစားမှာလား, မကစားဘူးလား။"

ကျန်းဘင်းကလက်မှာဝတ်ထားသည့်သံလက်
သီးကိုငုံ့ကြည့်ပြီးလှောင်ပြုံးပြုံးသည်။ အချိန်
အချို့ကုန်သွားလျှင်သူကခေါင်းမော့လာ၏။
"ကျန်ချန် ဘယ်မှာလဲ။ "

"သူ့အကြွေးကို ငါ့ထဲထည့်ပေါင်းလိုက်။"
ကျန်ဘင်းက ကျန်ချန်ကို မတွေ့လျှင် ကစားပွဲအလွယ်တကူစမည်မဟုတ်မှန်းကုဖေးကောင်း
ကောင်းနားလည်သည်။သူသည်ထိုပြသာနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကို အစတည်းက
သေသေချာချာစဥ်းစားလာ၏။သို့သော်, ကျန်း
ဘင်းရဲ့လက်မှာဝတ်ထားသည့် သံလက်သီးဆီအကြည့်ရောက်လျှင်၊ လက်ရှိအခြေအနေအားအလွယ်တကူမဖြေရှင်းနိုင်မှန်းချက်ချင်းနား
လည်လိုက်၏။သံလက်သီးသည်ဟို့ဇီအပိုင်
ပစ္စည်းဖြစ်ပြီး၊ကျန်းဘင်းအားပစ္စည်းပေးထား
တည်းကသူတို့ကြားရှိရန်ငြိုးအားတစ်ခါတည်း
အပြီးစာရင်းရှင်းတဲ့သဘောပင်။ကျန်းဘင်းကိုထောက်ခံတာအပေါ်ယံအကြောင်းပြချက်တစ်
ခုသာဖြစ်၏။ဟို့ဇီရဲ့ရည်ရွယ်ချက်ကကျန်ချန် မဟုတ်ပဲ သူဖြစ်သည်။

အိုး,ထိုသို့အကြောင်းဖန်လာတော့ ကိုင်တွယ်
ဖြေရှင်းဖို့လွယ်ကူသွားသည်။

"ထည့်ပေါင်းရမယ်။"
ကျန်းဘင်းက ရယ်သည်။
"မင်းက လက်ပါးအစေခံဖြစ်သွားတာ
ငါဘာလို့မသိလိုက်တာလဲ။"

"မင်း ဒီတစ်ရက်၊နှစ်ရက်သံလက်သီးဝတ်ထား
ရုံနဲ့ ဟို့ဇီဖြစ်လာမှာမဟုတ်ဘူး။"
ကုဖေးသည် ခါးစည်းကိုတင်းတင်းကြပ်ကြပ်ချည်ပြီး အသံသေနှင့်ပြောလိုက်၏။
"အာ,မင်းကသူ့ဆီကအရှိန်အဝါနည်းနည်းလေးတောင်ဘယ်အချိန်ကျမှသင်ယူတတ်မြောက်မှာ
လဲ။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now