Chapter 23.1 (Unicode)

14K 2.1K 354
                                    

လီရှော့သည် "ရှောက်ချွင်"ဆိုသော နာမည်ကိုကြားလိုက်ရစဉ်တွင် မိုက်ခရိုဖုန်းက ထွက်လာတဲ့အသံကပဲမှားနေလား၊ သူပဲအကြားမှားသလားရယ်လို့ တွေးကာ တစ်ခဏတာမျှ ကြက်သေသေသွားရသည်။သမုဒ္ဒရာတစ်ဖက်ခြမ်းက သူ့ဖခင်သူငယ်ချင်းမွေးနေနဲ့ မသက်ဆိုင်တဲ့ ထိုနာမည်ကို သူကြားစရာအကြောင်းမှ မရှိပဲ။

သို့သော်လည်း နောက်တစ်စက္ကန့်လောက်မှာတော့ ပြန်ပြင်ဖို့အရမ်းကိုနောက်ကျသွားပြီဖြစ်တဲ့ ကျောက်ကျင်ရှင်းမျက်နှာပေါ်က ရုတ်တရပ်ပြောင်းလဲမှုကို မြင်လိုက်ရကာ သူ့ဦးနှောက်က ဗလာဖြစ်သွားရသည်။

ရှောက်ချွင်....ရှောက်ချွင်တဲ့လား

ရှောက်ချွင်က ကျောက်ကတော်ရဲ့ တူတဲ့လား။

ရှောက်ချွင်ချင်း တူနေတာများလား။ ဖြစ်နိုင်တာက မျိုးရိုးရော နာမည်ပါတူနေတာများလား။ဒါပေမဲ့ အဲ့ဒီလို တိုက်ဆိုင်မှုမျိုးကရော ....ရှိပါ့မလား။

လီရှော့ အမြင်အာရုံတွေ အနည်းငယ်ဟာလာဟင်းလင်းနှင့် ဝေဝါးလာသည်။ ခေါင်းထဲကပါ တစ်ဝီဝီမြည်၍ ပတ်ပတ်လည်က လူတွေ အရာဝတ္ထုတွေ နေရာထိုင်ခင်းတွေအားလုံးဟာ ချာလပတ်လည်နေ၏။သူသည် အလွှာတစ်ချပ်ကိုဖြတ်ကာ နားစည်အပြင်ဘက်ကိုလာရောက်ထိခတ်သည့် ပြင်ပအသံတွေကိုပါ ကြားနေရသည်။ လက်တစ်ဖက်က သူ့လက်မောင်းအား လာဆွဲတာကို ခံစားမိလိုက်ချိန်မှာ အလိုအလျောက်သိစိတ်ဖြင့် သူတွန်းပစ်လွှတ်နီးပါး ဖြစ်သွားသည်။

ချက်ချင်းပင် လီရှော့သည် တည်ငြိမ်အေးဆေးတဲ့အသွင်ကို ပြန်လည်ဣနြေ္ဒဆည်လိုက်ရသည်။ သူ ကျောက်ကျင်ရှင်းကို တည့်တည့်ပင်စိုက်ကြည့်နေပေမယ့် မေးခွန်းတစ်ခုတစ်လေတောင် မေးမနေတော့။ ကျောက်ကျင်ရှင်းထံမှာ တစ်ခါမှမရှိခဲ့ဖူးသည့်အမူအရာတို့က အရာအားလုံးကို ရှင်းပြပြီးနေပြီပဲ။

ဒီလူ....သူ သံသယတစ်မှုန်တောင် မထားပဲ ချစ်ခဲ့ရတဲ့ ဒီလူက....သူအမုန်းဆုံးလူရဲ့ ပြောင်တိတဲ့လား!!!!

(ပြောင်တိ : အမေဘက်ကတော်တဲ့ ဝမ်းကွဲညီ/မောင်လေး)

ဒါဆို ဒါတွေအားလုံးကရော ဘာလဲ....သူနဲ့ကျောက်ကျင်ရှင်းရဲ့ အဖြစ်အပျက်အားလုံးကရော ဘာလဲ...သူတို့တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ခဲ့တာတွေ ရင်းနှီးခဲ့တာတွေ အားလုံးကို......ဘယ်လိုမျိုး သောက်ကျိုးနည်း ယူဆပေးရမလဲ။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now