Chapter 1.2(Unicode)

29.4K 3.3K 150
                                    


ကျောက်ကျင်ရှင်းက သူ့နားနားမှာ တိုးတိုးပြောကာ ဆွဲဆောင်ဖြားယောင်းတဲ့အချိန်မှာ သူစိတ်လှုပ်ရှားသွားတယ်ဆိုတာကိုတော့ ဝန်ခံရပေမည်။သူသည် ထူးချွန်ပြောင်မြောက်သော ယောကျာ်းများစွာကို တွေ့ခဲ့ပြီးပြီ ဖြစ်ပေမဲ့ ကျောက်ကျင်ရှင်းလို ငယ်ရွယ်ကာ အလွန်တရာ ဆွဲဆောင်မှု ရှိပြီး စွမ်းဆောင်ရည်နဲ့ ချမ်းသာကြွယ်ဝမှုတို့ ရှိနေသော လူမျိုးကတော့ အတော်ရှားသည်။

ဒီလိုလူမျိုးနဲ့ လေယာဉ်ပေါ်မှာ တွေ့နေရပြီးတော့ တစ်ဖက်လူကလည်း တက်တက်ကြွကြွ ရှိနေတာကို ပြလို့နေသည်။ အတိတ်တုန်းကလိုဆိုရင်တော့ သူဘယ်တော့မှ တုံ့ဆိုင်းနေမှာ မဟုတ်ပေ။ သို့သော်လည်း သူ့မှာ စည်းတော့ ရှိပါသေးသည်။ အထူးသဖြင့် သူ့ရဲ့ တွဲဖက်အပေါ်မှာပင်။ပြီးတော့လည်း သူက လူ့ကျင့်ဝတ်နဲ့ ပတ်သက်ပြီးတော့ ကြွေးတင်နေတာမျိုးနဲ့ အဆုံးသတ်ချင်တဲ့လူ မဟုတ်ပေ။

သူက ကျောက်ကျင်ရှင်းကို အသာအယာ တွန်းထုတ်ကာ အပြုံးနဲ့ စကားဆိုသည်။

"စွဲမက်လောက်စရာပါပဲ။ ဒါပေမဲ့ နှမျောစရာက ကိုယ့်အိမ်မှာတစ်စုံတစ်ယောက် ရှိနေပြီးသားလေ"

သူက မတ်တပ်ထရပ်သည်။

"ကိုယ် သန့်စင်ခန်းကို သွားလိုက်ဦးမယ်"

သူ ကျောက်ကျင်ရှင်းနဲ့ ခဏလောက်တော့ ဝေးဝေးနေဖို့ လိုအပ်နေသည်။ ဒီငတိက နတ်ဆိုးပင်။ သူတကယ်ပဲ လူတွေကို ဖမ်းစား ဖမ်းစားနိုင်လေသည်။

ကျောက်ကျင်ရှင်းက သူ့နောက်ကျောကို ကြည့်နေရင်းက ခပ်မြူးမြူးပြုံးသည်။

"စိတ်ဝင်စားစရာပဲ"

ခဏလောက်စဉ်းစားပြီးတော့ သူ မတ်တပ်ထကာ နောက်ကလိုက်သွားလိုက်သည်။

လီရှော့က သန့်စင်ခန်းသို့ဝင်ကာ တံခါးပိတ်မလို ဟန်ပြင်ရုံပဲ ရှိသေးသည်။ သူ့မျက်လုံးထောင့်စွန်းကနေ အရိပ်တစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရသည်။သူထိတ်လန့်သွားသည်။ နောပ်လှည့်ကြည့်ချိန် မရခင်မှာပဲ သန့်စင်ခန်းတွင်းကို တွန်းထည့်ခံလိုက်ရကာ သူ့နောက်က တံခါးက ဂျိုင်း ခနဲ ပိတ်သွားသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now