Chapter 53(Unicode)

17.7K 2.1K 849
                                    

နောက်ရက်အနည်းငယ်လောက်ထိ လီရှော့အပြင်မထွက်ခဲ့။ ဝမ်းရှောင်ဟွေးကတော့ နေ့စဥ်နေ့တိုင်း တစ်နာရီ နှစ်နှာရီလောက်လာနေပေးကာ သူစားသောက်တာတွေစောင့်ကြည့်ပြီးမှ စိတ်ချလက်ချပြန်သွားတတ်သည်။ ပုံမှန်ဆိုဟော့ဟော့ဒိုင်းဒိုင်းပြောချတတ်သူသည် ခုချိန်မှာတော့သူ့စကားလုံးတွေကို အလွန်အမင်းဂရုစိုက်တတ်နေ၏။

သူ့မိခင်နှင့်ဖုန်းပြောနေရချိန်မှာ တည်ငြိမ်သယောင်ဟန်ဆောင်ထားရချိန်မှလွဲ၍ လီရှော့သည် အချိန်အများစုမှာ အနည်းငယ်စိတ်ဓါတ်ကျနေခဲ့တာဖြစ်သည်။သူက အလွန်တရာဂုဏ်သိက္ခာကြီးသောလူဖြစ်သည်။ ကံကောင်းသည်က ယခုသူ၏ပုံစံကို ဝမ်းရှောင်ဟွေးတစ်ယောက်သာလျှင် မြင်ထားလေသည်။

ဒီရက်တွေမှာ ဇာတ်လမ်းတစ်ခုလုံးဟာ တိမ်နှင့်မြူတွေကြားရောက်နေသလိုမျိုး လက်တွေ့မကျသည့် အာရုံခံစားမှုတွေ အမြဲရှိနေခဲ့၏။တစ်ခါတစ်ရံ သူ ထိုနေ့ကကြားခဲ့ရတာတွေက အိမ်မက်တစ်ခုလို့ တွေးလျှင်လည်းတွေးမိသည်။တစ်ခါတစ်ရံ သူနှင့်ကျောက်ကျင်ရှင်း၏ အရာရာတိုင်းက အိမ်မက်တစ်ခုလို့ တွေးလျှင်လည်းတွေးမိသည်။အကြောင်းက လက်တွေ့ဘဝဟာ ဒီလောက်ထိဒရမ်မာမချိုးသင့်သလို ဒီလောက်ထိလည်း အရုပ်မဆိုးသင့်ပါပေ။

မည်သို့ပင်ဆိုစေ သူဟာ ဒီလောက်ထိဆိုးဆိုးရွှားရွှားနစ်မြုပ်သွားပြီဆိုတာကိုလက်ခံဖို့ရာတော့ သူ့အတွက်ကခက်ခဲလှသည်။သူ့အနေနှင့် ကျရှုံးခဲ့သောအတိတ်ကို အေးအေးဆေးဆေးလက်ပြနှုတ်ဆက်သင့်ကြောင်းကို ဆင်ခြင်တုံ့တရားအရ သူသဘောပေါက်သည်။ သို့သော်လည်း စိတ်ခံစားချက်အရမူ သူမလုပ်နိုင်ပေ။သူ့ကိုယ်သူ အထိန်းအချုပ်မဲ့နေသည့် စိတ်ပျက်လက်ပျက်ဖြစ်နေမှုတို့ကို မမြင်ချင်ပေမယ့်လည်း ရွေးချယ်စရာမရှိစွာပင် ကူကယ်ရာမဲ့စွာမြင်နေရပြီး ပြန်အဖတ်ဆည်လို့မရနိုင်တော့ခြင်းက သူ့အား အနာကျင်ရဆုံးဖြစ်အောင် လုပ်သောအရာပင်ဖြစ်ချေသည်။

ဤတစ်ကြိမ်တော့ သူ၏ဆင်ခြင်တုံ့တရားတွေတောင် သူ့အပေါ်မှာအလုပ်မဖြစ်တော့ပါပေ။

တနင်္လာနေ့မနက်ခင်းတွင် လီရှော့သည် လက်ထောက်ဖြစ်သူထံမှ ဖုန်းကောလ်တစ်ကော လက်ခံရရှိခဲ့ကာ ထိုသူက ကုမ္ပဏီကိုခုထိဘာလို့မလာသေးတာလဲဟု မေးလေသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now