Chapter 4.1 (Unicode)

18.4K 2.5K 89
                                    

လီရှော့ ထမင်းစားခန်းထဲကို ပြန်လာတော့ သူ့မိခင်က အံ့သြတကြီး ဖြစ်သွားရှာသည်။

"သား ပြန်လာတာ မြန်လှချည်လား။ ကျင်ရှင်းရော"

"အပြင်ဘက်က နည်းနည်းအေးတာနဲ့ ကျွန်တော်တို့ ပြန်လာကြတာ။ သူက သန့်စင်ခန်းထဲရောက်နေတယ်"

"ခုညက နည်းနည်းအေးနေတာ။ ရာသီဥတုသာယာရင်တော့ တို့တွေ ရေကန်နားမှာ ညစာ စားလို့ရမှာ"

မစ္စကျောက်က ပြုံးရင်းစကားဆက်သည်။

"လီရှော့ ...အနာဂါတ်မှာ မင်းနဲ့ကျင်ရှင်း ပိုပြီးရင်းနှီးကြဖို့ အန်တီမျှော်လင့်တယ်ကွယ်။ သူနဲ့သက်တူရွယ်တူ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းနေတာမျိုးကို အန်တီက မကြိုက်ဘူးကွဲ့။သူတို့က တစ်ခါတစ်လေကျ တော်တော်အန္တရာယ်များတဲ့ အားကစားနည်းတွေတောင်လုပ်ကြတာ။မင်းနဲ့မတူဘူးကွယ်။ မင်းကစားတဲ့ အားကစားနည်းတွေကျ ကျန်းမာရေးနဲ့ညီညွတ်သလို လုံခြုံမှုလည်း ရှိတယ်လေ။ပြီးတော့လည်း မင်းကတည်တည်ငြိမ်ငြိမ် ရှိတယ်။ တကယ်လို့များ ကျင်ရှင်းသာ မင်းနဲ့ခဏခဏ တွေ့ဖြစ်ရင် မင်းဆီကနေ တော်တော်များများကို သင်ယူနိုင်မှာ သေချာပေါက်ပဲ"

"ကျေးဇူးပါ အန်တီ။ ကျွန်တော်က ကျင်ရှင်းထပ် နည်းနည်းပဲ ကြီးတာဆိုတော့ သူ့ကို ဘာမှ ဖြစ်ဖြစ်မြောက်မြောက် သင်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ တကယ်လို့ ကျွန်တော့်ဘဝ အတွေ့အကြုံတွေကသာ သူ့ကို အကူညီဖြစ်စေတယ်ဆိုရင် ကူညီတယ်ဆိုတာထပ် ဝမ်းမြောက်မိပါတယ်"

အနောက်တိုင်းဝတ်စုံဝတ်ကာ လည်သာရှုးဖိနပ် စီးထားသော လီရှော့ပုံစံက တော်တော်ကြီး ခန့်ညားနေကာ သူ့ရဲ့ဟန်အမူအယာတို့ကလည်း သဘာဝကျကျပင် ကြော့ရှင်းရည်မွန်နေပါ၏။။မစ္စကျောက်က မနေနိုင်စွာပင် မေးမိသွားသည်။

"လီရှော့ကတော့ တကယ့်ကို အပြစ်ဆိုစရာ မရှိဘူးကွယ်။မင်းကိုကြိုက်တဲ့ ကောင်မလေးတွေ အတော်များမယ်နော် ဟုတ်လား။မင်းမှာရည်းစားများ ရှိနေပြီလား"

"အာ.....ခုထိတော့ မရှိသေးပါဘူးရှင်"

မစ္စလီက အနည်းငယ်မသက်မသာဖြစ်လာပုံနဲ့ သူမဆံပင်တို့ကို ဆွဲသပ်သည်။သူတို့ ဇနီးမောင်နှံက သူတို့သားရဲ့လိင်စိတ်ခံယူမှုကိုလက်ခံတယ်ဆိုပေမဲ့လည်း တရုတ်လူမျိုး အများစုကတော့ ရှေးရိုးဆန်နေကြတုန်းပါပင်။ ဒီလိုကိစ္စမျိုးဆိုတာကလည်း ခေါင်မိုးပေါ်တက်ပြီး အော်ပြောရမယ့်အရာမျိုးမဟုတ်တော့ သူတို့အနေနဲ့ လူအများကြီးကိုလည်း အသိမခံချင်ပါပေ။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now