Chapter 63(Uni+ Zawgyi)

20.1K 2.4K 498
                                    

Unicode

လီရှော့က အခွင့်ကောင်းယူကာ ကျောက်ကျင်ရှင်း၏ ဖိချုပ်ထားမှုကနေလွတ်အောင်ရုန်းပစ်လိုက်သည်။ သူ့မျက်လုံးတွေကတော့ ဒေါသတွေ၊ အထင်မြင်သေးမှုတွေနှင့်ပြည့်နှက်နေသည်။

ကျောက်ကျင်ရှင်းက ဘယ်လိုလုပ် ဒီလောက်ထိ အရှက်မဲ့နေရတာလဲ။ သူ့အပေါ် အဲ့ဒီစကားတွေကို ဘယ်လိုတောင် ပြောရဲရတာလဲ!

ဒီလိုမျိုး အလေးအနက်ထားပြောရမဲ့စကားလုံးက ဘယ်လိုလုပ် ဒီလောက်ထိ စက်ဆုပ်အထင်သေးစရာကောင်းသွားရတာလဲ!!!

လီရှော့၏ မုန်းတီးမှုများနှင့်ရင်ဆိုင်လိုက်ရချိန်မှာတော့ ကျောက်ကျင်ရှင်း၏ တက်ကြွနေသောခံစားချက်များမှာ ချက်ချင်းဆိုသလိုရေအေးဖြင့်လောင်းချခံလိုက်ရသည့်အလား။သူ့လျှာကလည်း ထုံးဖွဲ့ခံထားသလို ခံစားလိုက်ရသည်။သူ အားတင်းပြုံးလိုက်ရင်း

"အဲ့လိုပြောတာကြီးက အရမ်းနာကျင်ရတာပဲဗျာ"

လီရှော့ကတော့ သူ့ကို တည့်တည့်တောင်ကြည့်မနေတော့။ သူ့ကားရှိရာဆီသာ ပြန်လှည့်လျှောက်လာခဲ့လိုက်တော့သည်။

"ခင်ဗျား မယုံဘူးလား"

ကျောက်ကျင်ရှင်းက လက်မခံနိုင်သလို မေးလိုက်၏။

လီရှော့ ပြန်မဖြေချေ။

ကျောက်ကျင်ရှင်းက နောက်ကနေ လိုက်လာကာ ကားထဲဝင်တော့မည့်သူ့အား တားဆီးလိုက်သည်။

လီရှော့ကသူ့ကို အေးစက်စွာသာ ကြည့်ပေးလိုက်တော့သည်။

"အဲ့စကားကအမှန်ပါ"

ကျောက်ကျင်ရှင်းကနှုတ်ခမ်းတင်းတင်းစေ့ရင်း

"ကျွန်တော် ဒီစကားကို အချိန်ကောင်း၊ နေရာကောင်းမှာ ကောင်းကောင်းမွန်မွန်ပြောချင်ခဲ့တာ။ဒါပေမဲ့ ကျွန်တော်...မထိန်းချုပ်ထားနိုင်တော့ဘူး"

လီရှော့က ခပ်လှောင်လှောင်ရယ်မောလိုက်၏။

"ပထမဆုံးအနေနဲ့ ငါမယုံဘူး။ဒုတိယအချက်အနေနဲ့ အချစ်ဆိုတာဘာလဲ မင်းနားမလည်ဘူး။ တတိယအချက် အဲ့စကားကအမှန်ဆိုရင်တောင် အဲ့ဒါမင်းကိစ္စပဲ။ ဒီကမ္ဘာကြီးမှာ ငါ့ကိုချစ်နေတဲ့လူတွေဆိုတာ ပေါသောနေရောပဲ။ သူတို့အကုန်လုံးကိုပြန်တုံ့ပြန်ပေးဖို့ ငါ့မှာတာဝန်မရှိဘူး"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now