Chapter 2.1(Unicode)

25.4K 2.9K 146
                                    


လီရှော့သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့ပေ။မူးနောက်နောက်ဖြစ်နေချိန်မှာပင် လေယာဉ်ဆင်းသက်တော့မှာ ဖြစ်တဲ့အကြောင်း ကြေညာသံကို ကြားလိုက်ရသည်။

သူသည် eye maskကို ထိကာ ဖယ်ရှားပစ်ဖို့ ဟန်ပြင်လေ၏။

ကြီးမားတဲ့ လက်တစ်ဖက်က သူ့လက်ပေါ်ကို နူးညံ့စွာ အုပ်မိုးလာကာ သူ့နားထဲမှာတော့ ညှို့ဓာတ်ပါတဲ့ အသံတစ်သံကို ကြားလိုက်ရသည်။

"သူတို့တွေ အခန်းထဲက မီးတွေကို ခုပဲဖွင့်လိုက်ကြတာ။ အလင်းရောင်ကအရမ်းစူးတယ်"

နောက်ဆုံးတော့ လီရှော့သည် သေချာစွာ နိုးသွားပြီ ဖြစ်ရာ ဒီအသံက ကျောက်ကျင်ရှင်း အသံ ဆိုတာကို အမှတ်ရသွားပါ၏။ သူက မျက်လုံးတွေကို မှိတ်ထားကာ Eye maskကို ဖယ်သည်။ အလင်းရောင်နဲ့ သူ့မျက်လုံးကို ကျင့်သားရအောင် စောင့်ဆိုင်းပြီးမှ မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပါ၏။

သူ့မြင်ကွင်းထဲ ဝင်လာသည်ကတော့ ချောမောတင့်တယ်ပြီးတော့ ရွှင်ပြနေတဲ့ အပြုံးမျက်နှာပါပင်။ထိုမျက်နှာသည် တကယ့်ကိုပဲ ချောမောတင့်တယ်လွန်းသည်။အထူးသဖြင့်တော့ အဲဒီ ကြည်လင်ပြီးတော့ ညှို့ဓာတ်ပါနေတဲ့ မျက်ဝန်းများပင်။ ထိုမျက်ဝန်းတွေနဲ့သာ လူတစ်ယောက်ကို စူးစိုက်ကြည့်မယ် ဆိုရင်ဖြင့် ထိုလူရဲ့ နှလုံးသားက တုန်ယင်လာပြီးတော့ သူ့ရဲ့ အာရုံစူးစိုက်နိုင်စွမ်းအကုန်လုံးကို ပျောက်ဆုံးသွားနိုင်ပါပေ၏။ လူတစ်ယောက်ရဲ့ခုခံကာကွယ်နိုင်စွမ်းအားလုံးကို ဖယ်ရှားပစ်ဖို့ သူ့ရဲ့ မျက်ဝန်းတစ်စုံ၊ အပြုံးတစ်ပွင့်နဲ့ပင် လုံလောက်ချေသည်။

ကျောက်ကျင်ရှင်းက လူကသာ ငယ်ပေမယ့် အချစ်မှာတော့ ဝါရင့်နေလောက်တာမလို့ လျော့တွက်ထားလို့တော့မရပေ။တကယ်တမ်း သူက လီရှော့ရဲ့ စိတ်နှလုံးကို ဖမ်းစားချင်ရင်တော့ဖြင့် သူ့ရဲ့ စကေးတွေက ခုထိ စံချိန်မမှီသေးပါချေ။လီရှော့သည် ကျောက်ကျင်ရှင်းကို အသာအယာ တွန်းထုတ်ရင်းမှ အိနြေ္ဒရရပင် ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ခင်ဗျားက အိပ်ပျော်နေတော့ ကျွန်တော် မနှိုးတော့တာ။ ခင်ဗျားအတွက် ချန်ထားတယ်"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now