Chapter 28.1 (Unicode)

12.3K 1.7K 43
                                    

လီရှော့ ကျောက်ကျင်ရှင်းကို ကူညီကာ ထူမ ပေးလိုက်သည်။ ကျောက်ကျင်ရှင်းမျက်နှာအမူအရာက သိပ်တော့ မကောင်းမွန်သေးပေ။ ဤသို့ ရုတ်တရပ်နှင့် အာရုံစူးစိုက်ကာ ခြေကုန်လက်ပမ်းကျမတက်အားထုတ်လိုက်ရသည့် ကာယလေ့ကျင့်ခန်းက သူ့ကြွက်သားများကို ထိခိုက်သွားစေလိမ့်မည်ဖြစ်ရာ အချိန်တိုအတွင်းမှာတော့ သက်ရောက်မှုတွေဖြစ်သွားမည်မှာ သေချာပေါက်ပါပင်။

"မင်း လျှောက်နိုင်လား"

ကျောက်ကျင်ရှင်းက လီရှော့အပေါ် မှီတွယ်ရင်း အားပျော့စွာ ဆိုလေသည်။

"ဟင့်အင်း ကျွန်တော့်ခြေထောက်တွေနာတယ်။ လက်တွေလည်းနာတယ်။ တစ်ကိုယ်လုံးလည်း နာတယ်"

လီရှော့ အတော်ကြီးကို အပြစ်ရှိသလို ခံစားလိုက်ရသည်။

"ကိုယ် ကျောပိုးပေးရမလား"

"မလိုဘူး ဒီတိုင်း ကျွန်တော့်ကို တွဲပြီးထိန်းလျှောက်ပေး"

လီရှော့က ကျောက်ကျင်ရှင်းကို ထိုင်ခုံပေါ်မှာ ထိုင်စေရင်း

"မင်း ဒီမှာအရင်နားလိုက်။ ကိုယ် အရေးပေါ်ခန်းကို သွားလိုက်ဦးမယ်"

ကျောက်ကျင်ရှင်းက လီရှော့ရဲ့လက်ကိုလှမ်းဆွဲကာ သူ့နံဘေးကခုံပေါ်ကိုဆွဲချထိုင်စေလေသည်။

"ကျွန်တော့်ကို နှစ်မိနစ်လောက်ပဲနားခွင့်ပေး။ ကျွန်တော် ခင်ဗျားနဲ့အတူလိုက်ခဲ့ပေးမယ်လေ။ခုအချိန်လောက်ဆို နှလုံးအထူးကုတွေလည်း ရှိနေလောက်ပါပြီ"

လီရှော့သည် အရေးပေါ်ခန်းရှိရာဘက်ဆီ မကြာခဏဆိုသလို လှမ်းကြည့်နေမိသည်။သူအလွန်စိုးရိမ်နေသော်ငြား ထိုစိုးရိမ်မှုက အသုံးမဝင်ဘူးဆိုတာ သိနေသည်။အလျင်လိုနေလို့လည်း သူ့ဖခင်ကိုအကူညီဖြစ်စေမှာမဟုတ်ပါပေ။သူ အသက်ကိုထိန်းရှုရင်း မေးမြန်းလိုက်သည်။

"ပေါက်ကွဲမှုက ဘာကနေဖြစ်တာလဲဆိုတာ မင်းသိလား"

"ကျွန်တော်ကြားတာတော့ အဲ့ဒါက ကားဗုံးထောင်ပြီး တိုက်ခိုက်တဲ့အကြမ်းဖက်သမားတစ်ယောက်ကြောင့်တဲ့။ ပေါက်ကွဲမှုဖြစ်တဲ့နေရာက ခင်ဗျားကားနဲ့ ၁ကီလိုမီတာလေးပဲ ဝေးတာ"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now