Chapter 7.2 (Unicode)

14.9K 2.2K 77
                                    


သူတို့နှစ်ယောက်ကြားမှာ ပစိဖိတ်သမုဒ္ဓရာကြီး ကာဆီးနေသည့်တိုင် လီရှော့သည် လီချန်းရှို့တစ်ယောက် ထိုနာမည်ကိုကြားစဉ်မှာ ဘယ်လောက်တောင် တုန်လှုပ်ခြောက်ခြားနေမလဲဆိုတာ တွေးကြည့်လို့ရနေသည်။ ထိုခံစားချက်က သူ့နှလုံးသားကို ပြင်းပြင်းထန်ထန် နာကြင်ရစေ၏။

သူက ဒေါပွပွနဲ့ပင် ဆက်ပြောလိုက်သည်။

"ကိုယ်လက်ရှိ ပတ်သက်မိနေတဲ့ကိစ္စက ဟိုးတုန်းကတည်းက ပြီးပြတ်ပြီးသားတွေ။ ပြီးတော့လည်း ဘယ်သူတွေမှ သိခဲ့တာမဟုတ်ဘူး။ ကိုယ့်ကို ကြံစည်တဲ့လူက အဲဒါတွေအတွက် အကျိုးအမြတ်မရရုံတင်မဟုတ်ဘူး။ သူ့တို့ပြဿနာကိုပါ သူတို့ကမီးထွန်းရှာနေကြတာ။ထပ်ခါတစ်လဲလဲ စဉ်းစားကြည့်ပြီး ကိုယ် ကောက်ချက်ချနိုင်တာကတော့ တစ်ခြား ရှယ်ယာရှင်တစ်ယောက်ကလုပ်တာလို့ထင်တယ်။ ကိုယ့်ကိုဒီလိုမျိုး ပစ်မှတ်ထားတာမျိုးက သေချာပေါက် ပုဂ္ဂိုလ်ရေးအရ လက်စားချေတာမျိုးပဲ"

လီရှော့ကတုံ့ဆိုင်းသွားပြီးမှ

"ပုဂ္ဂိုလ်ရေးရာအရ လက်စားချေမယ့်အရေးနဲ့ ပတ်သက်ပြီးပြောရရင်တော့ အဲ့အချိန်မှာ ရှောက်ချွမ်ကိုပဲ ကိုယ်စဉ်းစားမိတယ်"

လီချန်းရှို့အသံက ငိုချတော့မယောင်ပင်။

"အစ်ကိုလီ....တကယ်ပဲသူလားဟင်"

လီရှော့က ခပ်တိုးတိုးပြောလိုက်သည်။

"သူဖြစ်ဖို့များတယ်"

"ဒါဆို အစ်ကို ပြန်လာလို့မရသေးဘူးပေါ့"

"အခုလောလောဆယ်ပေါ့။ ကိုယ်မကြောက်ပါဘူး။ မစွန့်စားရဲရုံတင်ပါ။ ဒီအခြေအနေတိုင်းဆိုရင် အဆိုးဆုံးဖြစ်လာမှာက ကိုယ်တရုတ်ကို ဘယ်တော့မှ ပြန်ဝင်ခွင့်မရရုံပေါ့။ ဒါပေမဲ့ ပြန်သာလာခဲ့ရင်....ဘာတွေဖြစ်မလဲ ကိုယ်မသိဘူး"

လီချန်းရှို့ရဲ့အသက်ရှုသံတွေတောင်မှ တစ်သိမ့်သိမ့်တုန်ယင်နေသည်။

လီရှော့ကအသံအက်အက်ဖြင့် စကားဆိုလိုက်သည်။

"ချန်းရှို့...ခုချိန်မှာ ကိုယ်မင်းကို စိတ်အပူဆုံးပဲ။ တကယ်လို့ရှောက်ချွမ်သာ ဒီကိစ္စနောက်ကွယ်မှာရှိရင် သူ့ရဲ့ပထမခြေလှမ်းက ကိုယ်တရုတ်ကိုပြန်မလာအောင် တားဆီးဖို့ဆိုရင် ဒုတိယခြေလှမ်းက မင်းကိုလိုက်ရှာဖို့ပဲဖြစ်မှာ။ မင်းနေဖို့နေရာသစ်ကို ရှာထားပေးဖို့ ကိုယ့်လက်ထောက်ကိုပြောထားလိုက်မယ်။ မင်းလည်း ကြိုပြင်ဆင်ထားလိုက်တော့"

လီချန်းရှို့က တိုးတိတ်စွာပင် တုံ့ပြန်လာသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now