Chapter 54(Unicode)

17.3K 2K 735
                                    

ကျောက်ကျင်ရှင်းသည် အိပ်ရာကနေထလာသူကိုကြည့်ရင်း အံ့ဩတုန်လှုပ်သွား၏။

ရှောင်ချီကလည်း အလျင်စလိုဝင်လာသူကို ကြောင်အမ်းစွာကြည့်နေလေသည်။သူခုထိ သေသေချာချာမနိုးသေးသလို တစ်ကိုယ်လုံးကလည်း ဖရိုဖရဲတွေဖြစ်လို့နေသည်။

လီရှော့က နောက်ကလိုက်လာကာ အံ့ကြိတ်ရင်း ဆိုလိုက်သည်။

"ကြည့်လို့ဝပြီလား။ ထွက်သွားတော့"

ကျောက်ကျင်ရှင်းက နှုတ်ခမ်းထောင့်စွန်းတို့ကိုဆွဲဆန့်ကာ အနည်းငယ်ပြုံးသည်။ သို့သော်လည်း ထိုအပြုံးက လူတို့၏ကျောပြင်ကို အေးစိမ့်သွားစေ၏။

"သိပ်တောင်မကြာသေးဘူး။ တစ်ခြားတစ်ယောက်ကိုရှာလိုက်ပြီပေါ့"

သူက ရှောင်ချီကို အထက်အောက်စုံဆန်ကြည့်လိုက်ရင်း

"ကောင်လေးသေးသေးလေးတွေက ခင်ဗျားအကြိုက်တွေလား"

လီရှော့က သူ့ကော်လံကိုထပ်မံဆောင့်ဆွဲလိုက်ရင်း အသံနှိမ့်ကာ ပြောလိုက်သည်။

"ငါမင်းကို ဘာမှမလုပ်ချင်ဘူး။ ငါ့ကိုလာပြီး ဖိအားမပေးစမ်းနဲ့"

ကျောက်ကျင်ရှင်း၏လက်က လီရှော့၏လက်သီးဆုပ်အပေါ် အုပ်မိုးကိုင်လိုက်ရင်း မဖော်ပြနိုင်သည့်အတွေးတစ်ချို့က သူ့မျက်ဝန်းထဲ ဖြတ်ခနဲလက်သွားသည်။ သူခပ်တိုးတိုးဆိုလိုက်၏။

"ခင်ဗျားသဘောကျတာ ကျွန်တော် မဟုတ်ဘူးလား"

"နောက်ထပ်ဘယ်တော့မှ သဘောမကျတော့ဘူး"

လီရှော့အေးစက်စက်ပင်ဆိုလိုက်သည်။

ကျောက်ကျင်ရှင်းက မျက်လုံးကိုမှေးကျဥ်းကာ ရုတ်တရက်ဆိုသလို အိတ်ကပ်ထဲကနေ ပိုက်ဆံအိတ်ကိုဆွဲထုတ်ရင်း အိပ်ရာပေါ်ပစ်ပေးလိုက်သည်။ သူက ရှောင်ချီထံ ပြုံးကာဆိုလိုက်သည်။

"ဆော်ရီးပဲ...မင်းအရင်ပြန်လိုက်တော့။ ငါတို့နှစ်ယောက်က ပြောစရာလေးတွေရှိသေးတယ်"

ရှောင်ချီမျက်နှာက ပျက်ယွင်းသွားကာ မျက်လုံးတွေက အရှက်တရားတွေစွန်းထင်းကုန်ကာ နှုတ်ခမ်းတွေက ဒေါသနှင့်အတူ တုန်ယင်လာသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now