Chapter 11.1(Unicode)

15.5K 2.3K 34
                                    


လီရှော့ ဦးနှောက်တို့က တစ်ခဏတာလောက် ဗလာသက်သက် ဖြစ်သွားသည်။စာကြောင်းတွေက ဝေဝါးလာမတက်ပင်။ သူက callback ခလုတ်ကို ခပ်ပြင်းပြင်းနှိပ်လိုက်သော်ငြား ထင်မှတ်မထားစွာပင် တစ်ဖက်ဖုန်းက ပိတ်ထားလို့နေ၏။ သူက စားပွဲကို ခပ်ကြမ်းကြမ်းကန်လိုက်ရင်း သူ့လက်ထောက်ဖြစ်သူကို ဖုန်းခေါ်လိုက်တော့သည်။

ဖုန်းက အချိန်အကြာကြီး မြည်ဟီးပြီးမှ ကိုင်လာလေသည်။ လီရှော့သည် တရုတ်မှာ ဒီအချိန်က ညဉ့်သန်းခေါင်ဖြစ်နေပြီ ဆိုတာကို မေ့လျော့သွား ကာ အော်ဟစ်ပစ်လိုက်သည်။

"လီချန်းရှို့ရော!"

လက်ထောက်ဖြစ်သူက ကြက်သေ သေသွားသည်။ ဒါက သူ အိပ်ချင်မူးတူးဖြစ်နေတာကြောင့် မဟုတ်ပေ။ သူ့သူဋ္ဌေးနဲ့ သုံးနှစ်ကျော် အတူရှိလာဖူးတာတောင် ဒီလောက် ခက်ထန်နေတာမျိုး တစ်ခါမှ မမြင်ဖူးခဲ့ရလို့ ဖြစ်သည်။ သူက ခပ်တိုးတိုးပြန်မေးလိုက်သည်။

"လီ..လီချန်းရှို့လား"

"လီချန်းရှို့ ဘယ်မှာလဲ!"

"သူ..သူ..."

လက်ထောက်ဖြစ်သူက အတန်ငယ် မျက်စိကျယ်ကာ နိုးကြားသွားရသည်။

"သူ အိမ်မှာ မဟုတ်လား။ ကျွန်တော် မနက်ဖြန် သူ့ကိုသွားခေါ်ပြီး ဟိုတယ်ကို ပြောင်းရွေ့ပေးမှာလေ"

လီရှော့က သူ့မျက်နှာ ခပ်ကြမ်းကြမ်းသုတ်ရင်း တည်ငြိမ်သွားအောင် အတင်းအကြပ်လုပ်လိုက်ရသည်။

"ရှောင်ကော..တစ်ခါလောက်ပဲ ဒုက္ခခံပေးစမ်းပါကွာ...အခုလီချန်းရှို့အိမ်ကို သွားကြည့်ချေ...သူ အိမ်ကထွက်သွားလောက်ပြီ"

"ထွက်သွားတယ်?..ကျွန်တော်တောင် ဒီနေ့သူ့ကိုဖုန်းခေါ်ပြီး ပြောင်းမယ့်ရွေ့မယ့်အချိန်ကို စီစဉ်နေကြသေးတယ်"

"အခုချက်ချင်း သွားကြည့်စမ်းကွာ...မင်းအတည်ပြုပြီးရင် ငါ့ကို ပြန်ဆက်သွယ်"

"ဟုတ်ကဲ့ ဟုတ်ကဲ့...ကျွန်တော်အခု သွားပါ့မယ်"

လက်ထောက်ကောင်လေးက အိပ်ယာထဲကနေ အလျှင်အမြန် တွားထွက်လာလိုက်ရသည်။

လီရှော့သည် ဖုန်းချပြီးတဲ့နောက်မှာ အခန်းထဲမှာ စိုးရိမ်တကြီးနဲ့ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း မက်ဆေ့ခ်ျကို အခေါက်ပေါင်းများစွာ ဖတ်ရှုနေမိသည်။စာထဲမှာက ဘာမှမပါလာသော်ငြား လီရှော့သည် စိုးရိမ်ဖွယ်ရာကောင်းနေသည့် အနံ့အသက်တို့ကို ခံစားမိနေသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now