Chapter 25.2(Unicode)

13.7K 1.9K 211
                                    

လီရှော့ အိမ်ပြန်လာလိုက်သည်။ နောက်ဆုံးတော့ ကျောက်ကျင်ရှင်းထံမှ လွတ်မြောက်နိုင်ပြီဟု သူတွေးထင်လိုက်၏။ အိမ်ထဲဝင်လျှင်ဝင်ချင်းမှာပင် သူ့မိခင်က မေးလေသည်။

"ဒီနေ့ခင်း ကျင်ရှင်းက သားကိုလာကြည့်တယ်ဆို"

လီရှော့ ရွေးစရာမရှိတော့။ ဝန်ခံရတော့သည်။

"အော် ကျွန်တော် မနေ့က နေလို့မကောင်းဖြစ်ခဲ့တော့လေ သူက လာကြည့်တာ"

မစ္စတာလီက လက်ထဲကစာအုပ်ကိုပိတ်လိုက်ရင်း သူ့သားဖြစ်သူကို ဂရုတစိုက်ကြည့်လေသည်။

လီရှော့မှာ သူ့အကြည့်တွေကြောင့် လန့်ဖြန့်လာသည်။

"ဘာဖြစ်လို့လဲ ဖေဖေ"

"သား ကျင်ရှင်းနဲ့ ကြိုက်နေတာတော့ မဟုတ်လောက်ဘူးမလား"

မစ္စတာလီက တည့်တည့်ပင် မေးလေသည်။

လီရှော့ မျက်မှောင်ကြုံ့သွားရင်း

"ဖေဖေ ဘာတွေလျှောက်တွေးနေတာလဲ"

သူသည် ကျောပေါ်က ချွေးအေးတွေကိုခံစားလိုက်ရသည်။အကယ်၍ မနေ့တစ်နေ့ကသာ သူ့အဖေ ဒီလိုမျိုးမေးခဲ့မယ်ဆိုရင် သူ ဘယ်လိုမျိုးဖြေရပါ့မလဲ။ သူ့အနေနဲ့ ဘာအမှားအယွင်းမှ မလုပ်ထားပေမယ့် လိမ်ညာဖို့ရာကို စက်ဆုပ်ကာသဘောမတူမှာပဲ ဖြစ်သည့်အတွက် ဝန်ခံဖြစ်မှာ သေချာပေါက်ပင်။အကယ်၍များသူသာ ဖြစ်ချင်တဲ့ဆန္ဒအတိုင်း သူနဲ့ကျောက်ကျင်ရှင်းရဲ့ ခံစားချက်များကို ဝန်ခံခဲ့မယ် ဆိုလျှင်တောင်မှ အဆုံးသတ်မှာ သူကစားခံခဲ့ရတဲ့အကြောင်း သိလာရမှာပင်။ ထိုအခါ သူ့အနေနဲ့ မိဘတွေကို ဘယ်လိုမျက်နှာပြရမယ်မှန်းတောင် သိတော့မှာမဟုတ်။

"ကြည့်လေ ကျင်ရှင်းက ချောတယ်။ ခုအတောအတွင်းမှာ သားနဲ့လည်း အများကြီး တွေ့ဖြစ်တယ်မလား။ကြည့်ရတာ ဆက်ဆံရေးကလည်း အဆင်ပြေတဲ့ပုံပဲ။ မနေ့ကလည်း....အတူတူကကြသေးတယ်လေ"

မစ္စတာလီက အနေရခက်စွာဆိုသည်။

"ဖေဖေတို့ အများကြီးမတွေးပဲ နေနိုင်ပါဦးမလား"

"အိုက်ယား ကျင်ရှင်းကလည်း သိုးတစ်ကောင်ပဲ"

လီကတော်က ဘေးကနေ စိတ်လှုပ်ရှားစွာ ထပ်ဖြည့်ပြောသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now