Chapter 97 (Question 100) [Uni + Zawgyi]

14.4K 1K 289
                                    


Unicode

လင်မယားနှစ်ယောက်ကြားက ဆက်ဆံရေးနှင့်ပတ်သက်သည့် မေးခွန်း ၁၀၀

ပွဲတက်ရောက်သူ : လီရှော့ , ကျောက်ကျင်ရှင်း

MC : ရွှေချန်းချန်

1. ကျေးဇူးပြု၍နာမည်လေး သိပါရစေ။

လီရှော့ : လီရှော့ပါ။

ကျောက်ကျင်ရှင်း : ကျောက်ကျင်ရှင်း။

2. အသက်က?

လီရှော့ : ၃၅ ပါ။

ကျောက်ကျင်ရှင်း : ၂၄

3. လိင်အမျိုးအစားက?

လီရှော့ : ယောက်ျားလေးပါ။

ကျောက်ကျင်ရှင်း : ယောက်ျားပေါ့။

4. မေးပါရစေ မင်းရဲ့ပင်ကိုယ်စရိုက်က ဘယ်လိုမျိုးလဲ။

လီရှော့(ပြုံးလျက်) : ပင်ကိုယ်စရိုက်ကလား။ အလယ်အလတ်လမ်းစဥ်သမားပါပဲ။လုပ်ခဲ့သမျှ အမှားတွေကို အဆက်မပြတ်သင်ယူပြင်ဆင်ပြီး ကိုယ့်ကိုယ်ကိုယ် ပျိုးထောင်လေ့ကျင့်နေတာမျိုးပါပဲ။

ကျောက်ကျင်ရှင်း : ကျွန်တော့် အကျင့်စရိုက်ကတော့ သိပ်ကောင်းတာလေနော်။ နူးညံ့သိမ်မွေ့တယ်။ ကြင်နာတယ် ဟုတ်တယ်မလား လီရှုရှု။

လီရှော့ : ဟုတ်တယ်။

5. ဒါဖြင့် တစ်ဖက်လူရဲ့ အကျင့်စရိုက်ကရော။

လီရှော့ : အမ်း....ယေဘုယျလောက်ပြောဖို့က ခက်တယ်။ သူ့မှာက မျက်နှာအများကြီးရှိတယ်လေ။

ရွှေချန်းချန် : အကျဥ်းချုပ်လေးပဲ ပြောပြပါဦး။

လီရှော့ : ကလေးလို ပြုမူရတာကိုသဘောကျတဲ့ ချစ်စရာဘက်ခြမ်းလေးလည်း ရှိတယ်။ သူရဲကောင်းဆန်ဆန် ယုံကြည်အားကိုးလို့ရတဲ့ ခံ့ခံ့ညားညား ဘက်ခြမ်းလည်း ရှိတယ်။ ပြီးတော့ (ကျောက်ကျင်ရှင်းကို လှမ်းကြည့်) မကောင်းတာတွေလုပ်နိုင်တဲ့ ဘက်ခြမ်းလည်း ရှိတယ်။ဒါပေမဲ့ ကိုယ်က သူ့ကို တားနိုင်ပါတယ်လေ။

ကျောက်ကျင်ရှင်း : ကျွန်တော့်ရဲ့ အိပ်ရာပေါ်က ဘက်ခြမ်းကျ ခင်ဗျားခုထိ မပြောရသေးဘူးနော်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now